DVB Logo
Home
Lead Story
ပုဂံတွင် ဒေသခံ လူငယ်​ ​၂၄၀ ကို ​ဧည့်ဝန်​​ဆောင်​မှုလုပ်​ငန်း အခမဲ့ သင်​ကြား
DVB
·
October 19, 2018
ပုဂံတွင် ဒေသခံ လူငယ်​ ​၂၄၀ ကို ​ဧည့်ဝန်​​ဆောင်​မှုလုပ်​ငန်း အခမဲ့ သင်​ကြား
Donate to DVB

ဟိုတယ်နဲ့ အသက်မွေးဝမ်းကျောင်းကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးရေးအစီအစဉ်က အလုပ်​အကိုင်​အခွင့်အလမ်းနည်းတဲ့ ​ညောင်​ဦးခရိုင်​၊ ​ညောင်းဦးမြို့နယ်၊​ ပုဂံမှာ လူငယ်​ ​၂၄၀ ကို ဧည့်ဝန်​​ဆောင်​မှုလုပ်​ငန်း အခမဲ့ သင်​ကြား​ပေးခဲ့တယ်​လို့ သိရပါတယ်။

ဟို​တယ်​လုပ်​ငန်း ​လေ့ကျင့်ရေး (HTI) အ​နေနဲ့ အိပ်​ခန်း​ဆောင်​ထိန်းသိမ်းသူ၊ အစားအ​သောက်​တည်​ခင်းဧည့်ခံသူ၊ ခရီးဦးကြိုသူ နဲ့ အစားအ​သောက်​ချက်​ပြုတ်​ရန်​ ပြင်​ဆင်​​ပေးသူ (Commis) ဆိုပြီး လုပ်​ငန်း ၄ မျိုး ပို့ချ​ပေးခဲတာဖြစ်​ပါတယ်။

အရှိန်​ဟုန်​မြင့်တိုးတက်​နေတဲ့ ဧည့်ဝန်​​ဆောင်​မှု လုပ်​ငန်းတွေအတွက်​ ကျွမ်းကျင်​လုပ်​သားများ ​မွေးထုပ်​​ပေးဖို့​၊ အခွင့်အ​ရေး လက်​လှမ်းမမီတဲ့လူငယ်​​တွေကို ဧည့်ဝန်​​ဆောင်​မှုဆိုင်​ရာ လုပ်​ငန်း​တွေ ကျွမ်းကျင်​​အောင်​သင်​​ပေးပြီး ​ဟိုတယ်​ စား​သောက်​ဆိုင်​တွေနဲ့ ချိတ်​ဆက်​​ပေးဖို့ ရည်​ရွယ်​ချက်​နဲ့ ​ဆောင်​ရွက်​ရတာလို့ ဆွစ်စ်ဟိုတယ်သင်တန်းကျောင်းမှ သင်တန်းနည်းပြ ဦးတက်​​ခေါင်​​ကျော်​က ​ပြောပါတယ်​။

“ဟို​တယ်​တ​လုံးမှာ အ​ယောက်​ ၂၀ စီနဲ့ ဒီအ​ခေါက်​က ​ဟို​တယ်​  ၆ လုံးမှာ ထရိန်းသွားတယ်​။ အဓိကက​တော့ တက်​ချင်​တဲ့ လူငယ်​​တွေကို အသက်​ ၁၈ နှစ်​ပြည့်ရမယ်​၊ အသက် ၄၀ ထက်မကျော်ရဘူး။ အနိမ့်ဆုံးပညာအရည်​အချင်း အထက်​တန်းရှိရပါ့မယ်​။ တ​ကယ်​ကို လိုလိုလားလားနဲ့ ဟိုတယ်​လုပ်​ငန်း စိတ်​ဝင်​စားတဲ့ လူငယ်​​တွေကို ဦးစား​ပေး​ခေါ်ယူပါတယ်။”

သင်​တန်းကို ၇ ပတ်​ကြာ အချိန်​ယူသင်​ကြား​ပေးပြီး သင်​တန်းသားတွေ ကျွမ်းကျင်​မှုရရှိ​စေဖို့ လက်​​တွေ့ဦးစား​ပေး လုပ်​ငန်းခွင်​ ​လေ့ကျင့်မှုတွေ ပြုလုပ်​​ပေးပြီး ဧည့်ဝန်​​ဆောင်​မှုလုပ်​ငန်း သင်​တန်း ကို ရန်​ကုန်​၊ ​နေပြည်​​တော်​၊ ပုဂံနဲ့ မန္တ​လေးမြို့တွေနဲ့ ခရီးသွားလုပ်​ငန်း ဖွံ့ဖြိုးတဲ့ ဘားအံ၊ ​မော်​လမြိုင်​ နဲ့မြိတ်​မြို့​တွေမှာ မိတ်​ဖက်​​ဟိုတွေ ပူး​ပေါင်း​ဆောင်​ရွက်​တာလို့ ပြောပါတယ်​။

ဟိုတယ်နဲ့ အသက်မွေးဝမ်းကျောင်းကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးရေးအစီအစဉ် ​(VSDP) က ဧည့်ဝန်​​ဆောင်​မှုသင်​တန်းကို ၂၀၁၅ က စတင်​ခဲ့ပြီး တနိုင်​ငံလုံး အလုပ်​အကိုင်​အခွင့်လမ်း နည်းပါး​နေ​တဲ့ လူငယ်​ ၄၀၈၈ ​ဦး ပို့ချ​ပေးခဲ့ပြီးဖြစ်​တယ်​လို့ ဆိုပါတယ်​။

ဒီက​နေ့မနက်​ ၉ နာရီအချိန်​က ပုဂံ Aureum Palace Hotel မှာ သင်​တန်းဆင်းလူငယ်​တွေကို သင်​တန်းဆင်း လက်​မှတ်​တွေ ​ပေးအပ်​ပြီး အလုပ်​အကိုင်​ပြပွဲ ပြုလုပ်​​ပေးကာ ​ဒေသတွင်း​ ဟိုတယ်​ စား​သောက်​ဆိုင်​တွေမှာ အလုပ်​အကိုင်​ ရရှိဖို့​ ချိတ်​ဆက်​​ပေး ခဲ့ပါတယ်​။

ကိုလင်း(​ချောက်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013