DVB Logo
Home
မြန်မာသတင်း
ရခိုင်အရေးအတွက် ICRC ကို ကျေးဇူးတင်ကြောင်း အတိုင်ပင်ခံ ပြော
DVB
·
October 19, 2018
ရခိုင်အရေးအတွက် ICRC ကို ကျေးဇူးတင်ကြောင်း အတိုင်ပင်ခံ ပြော
Donate to DVB

ရခိုင်ပြည်နယ် ပြဿနာနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ လုပ်ဆောင်ချက်တွေကြောင့် အကောင်းဆုံး ဆောင်ရွက်နိုင်ခဲ့တယ်လို့ UEHRD ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာ ၁၈ ရက်နေ့ နေပြည်တော် NRPC အဆောက်အအုံမှာ ကျင်းပတဲ့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) နှစ်ပတ်လည်အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုလိုက်တာပါ။

“သံတမန်တွေလည်း ရောက်နေတဲ့အချိန်မှာ ကျမအနေနဲ့ ICRC ကို ကျေးဇူးတင်တယ်ဆိုတာကို ပြောချင်ပါတယ်။ ICRC ရဲ့ ဆောင်ရွက်ချက်တွေဟာ ကျမတို့နိုင်ငံအတွက် အင်မတန်မှ အထောက်အကူ ဖြစ်ပါတယ်။ ကျမတို့ ရခိုင်ပြည်နယ်မှာ ကြိုးစားမှုတွေဟာ ICRC မပါဝင်ခဲ့လို့ရှိရင် ဒီလောက်ထိရောက်မှာ မဟုတ်ပါဘူး။”

ရခိုင်ပြည်နယ် တည်ငြိမ်ရေးနဲ့ အကူအညီပေးရေး၊ ပြန်လည်နေရာချထားရေးတွေအတွက် ငွေအားနဲ့ ကူညီပေးကြတဲ့ လုပ်ငန်းရှင်တွေ အပါအဝင် ပြည်သူတွေကိုလည်း ကျေးဇူးတင်ရှိသလို လုပ်အားနဲ့ ပါဝင်ကူညီခဲ့ကြတဲ့ မြန်မာနိုင်ငံအတွင်းက လူငယ်တွေကိုလည်း အထူးကျေးဇူးတင်ရှိတယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုပါတယ်။

လူငယ်တွေ အင်အားရရှိခဲ့တာဟာ တိုင်းပြည်အတွက် ကောင်းမွန်တဲ့ အရင်းအမြစ်တွေ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပြီး ပြည်သူတွေအနေနဲ့လည်း UEHRD ရဲ့ စီမံကိန်းတွေကို အားပေးမှုနဲ့ ဝန်းရံပေးဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းအနေနဲ့ လုပ်ငန်းကဏ္ဍတွေ ခွဲခြားသတ်မှတ်ပြီး လုပ်ဆောင်နေသလို တဖက်မှာလည်း ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာစေဖို့ ဖိတ်ခေါ် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013