DVB Logo
Home
နိုင်ငံတကာ
အီရန်လေဆိပ်၊ ဘူတာရုံနှင့် တံတားများကို အမေရိကန် တိုက်ခိုက်
DVB
·
July 17, 2026
Photo: SOCIAL MEDIA
Photo: SOCIAL MEDIA
Donate to DVB

ဟော်မုဇ်ရေလက်ကြား ထိန်းချုပ်နိုင်ရေးအတွက် အမေရိကန်က အီရန်ကို ၆ ရက်မြောက်နေ့အဖြစ် ဆက်တိုက် တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ အီရန်စစ်တပ်ရဲ့ စွမ်းဆောင်ရည်ကို လျှော့ချဖို့ ရည်ရွယ်တယ်လို့ အမေရိကန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ အမေရိကန်ဟာ တံတားတွေ၊ ဘူတာရုံနဲ့ လေဆိပ် အပါအဝင် အရပ်ဘက် အဆောက်အအုံတွေကို ပစ်မှတ်ထားခဲ့တယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

ဘန်ဒါအာဘတ်စ် ဆိပ်ကမ်းမြို့က လေဆိပ်၊ ရထားဘူတာရုံတခုနဲ့၊ ဟော်မုဇ်ရေလက်ကြားအနီး အီရန်တောင်ပိုင်းက တံတား ၂ စင်း ထိမှန်ခဲ့တယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

ဇူလိုင် ၁၇ ရက် မနက်အစောပိုင်းမှာ ပြီးဆုံးခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် လူ ၇ ယောက် သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

အီရန်က စေ့စပ်ဆွေးနွေးပွဲကို မလာဘူးဆိုရင် တံတားတွေနဲ့ ဓာတ်အားပေးစက်ရုံတွေကို ဗုံးကြဲမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ခြိမ်းခြောက်ထားပြီးဖြစ်ပါတယ်။

အရပ်ဘက်အဆောက်အအုံတွေကို တမင်သက်သက် တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှု မြောက်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲက သတိပေးထားပါတယ်။

သမ္မတ ထရမ့်ပ် အနေနဲ့ အီရန်နဲ့ဆွေးနွေးဖို့ အမြဲတမ်း တံခါးဖွင့်ထားတယ်လို့ အိမ်ဖြူတော် ပြန်ကြားရေးမှူး ကာရိုလိုင်းလဲဗစ်က ဇူလိုင် ၁၆ ရက်မှာ ပြောပါတယ်။

ကာရိုလိုင်းလဲဗစ်က “အမေရိကန်ကို ပေးထားတဲ့ ကတိတွေ ဖောက်ဖျက်ရင်တော့ သမ္မတက အရေးယူပါလိမ့်မယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ သံတမန်ရေးလမ်းကြောင်းကိုလည်း အမြဲတမ်း ဖွင့်ထားပါတယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် ကမ္ဘာ့ရေနံစိမ်း တင်ပို့မှုအတွက် အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားဟာ ဆက်လက်ပိတ်ဆို့နေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013