DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့တွင် လေသေနတ်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
DVB
·
October 13, 2018
မုံရွာမြို့တွင် လေသေနတ်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်၊ လမ်းသွယ် (၁၀) ရှိ နေအိမ် ၁ လုံးမှာ လေသေနတ် ၁ လက်အပါအဝင် မူးယစ်ဆေးဝါးမျိုးစုံနဲ့ ဆက်စပ်ပစ္စည်းတွေ အောက်တိုဘာ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက ဖမ်းဆီးရမိခဲ့ပါတယ်။

မူးယစ်ဆေးဝါး ရောင်းဝယ်နေတယ်ဆိုတဲ့ သတင်းတွေအရ မုံရွာမြို့မရဲစခန်းက တာဝန်ရှိသူတွေက သက်သေတွေနဲ့အတူ ဆိုင်ကယ်ဝယ်ရောင်းလုပ်တဲ့ ကိုထွန်း (ခ) သန့်ဇင်ထွန်း ဆိုသူရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်း ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူဝါကြားအမှုန့် ၄ ဂရမ်ကျော်၊ ၈၈ စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြားစုစုပေါင်း ၃၄၇ ပြား၊ ဘိန်းမည်း ၂ ဂရမ်၊ ငွေစက္ကူရောရာ ၁၈သိန်းကျော်တို့အပြင် အိန္ဒိယနိုင်ငံထုတ် လေသေနတ် ၁ လက်၊ လေသေနတ်မှာ တပ်တဲ့ မှန်ပြောင်း ၁ခု၊ လေသေနတ်ခဲဘူး ၁ ဘူးနဲ့ မူးယစ်ဆေးသုံးစွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တာပါ။

နေအိမ်အတွင်း အိမ်ရှင် ကိုထွန်း (ခ) သန့်ဇင်ထွန်း  အပါအဝင် သီဝတင် နဲ့ လှိုင်စိုးဦး တို့ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

“ကြိုတင်သတင်းအရ တိုင်းရဲတပ်မှုးရဲ့ ခွင့်ပြုချက်နဲ့ ဝရမ်းနဲ့ သက်သေတွေနဲ့အတူ သွားရှာခဲ့တာပါ။ ထွေထွေထူးထူးတော့ သိပ်မရှိပါဘူး” လို့ မူးယစ်ဆေးဝါးရှာဖွေရာမှာ ပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၁ ဦးက ပြောပါတယ်။

အခုလို မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုနဲ့ပတ်သက်ပြီး မုံရွာမြို့မရဲစခန်းက မယ(ပ) ၁၂/၂၀၁၈ မူး/စိတ်ပုဒ်မ ၁၉(က)၂၀(က)၊၂၁၊၂၂(ခ) တို့နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013