DVB Logo
Home
မြန်မာသတင်း
ဗဟန်းမြို့နယ်တွင် ဆေးဆိုင်များကို FDA က၀င်ရောက်စစ်ဆေး
DVB
·
October 12, 2018
ဗဟန်းမြို့နယ်တွင် ဆေးဆိုင်များကို FDA က၀င်ရောက်စစ်ဆေး
Donate to DVB

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်မှာ ဆေးဆိုင်​တွေကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲရန်ကုန်နဲ့ ပူးပေါင်းအဖွဲ့ဝင်မနေ့က ၀င်ရောက် စစ်ဆေးပြီး သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ ဆေးဆိုင်တွေကို အရေးယူဖို့ ဆောင်ရွက်နေပါတယ်။

မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်တွေ၊ ပြည်သူ့ကျန်းမာ၊ ထွေအုပ်၊ ရဲတပ်ဖွဲ့၊ စည်ပင်နဲ့ အတူ ကွင်းဆင်းစစ်ဆေးပြီး ဆေးဝါးရောင်းချမှု လိုင်စင်ရှိမရှိ၊ စပ်ဆေးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ အရည်အသွေ အာမခံချက်မရှိတဲ့  မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်မပါရှိတဲ့ (လိုင်းဆေး)ဆေးတွေ ရောင်းချမှုရှိမရှိနဲ့၊ စနစ်တကျ သန့်ရှင်းသပ်ရပ်စွာရောင်းချမှု ရှိ မရှိတို့ကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဆေးဆိုင်တွေအနေနဲ့  Good pharmacy practiceနဲ့ အညီရောင်းချဖို့ အသိပညာ​ပေး​ဟော​ပြော​ဆွေး​နွေးခဲ့တယ်လို့လည်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ ရန်ကုန်က သတင်းထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ-FDA-YGN

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013