DVB Logo
Home
မြန်မာသတင်း
ပြည်သူကို ထိခိုက်နစ်နာစေမည့် ပိတ်ဆို့မှုများမလုပ်ရန် အီးယူကို မြန်မာတိုက်တွန်း
DVB
·
October 5, 2018
ပြည်သူကို ထိခိုက်နစ်နာစေမည့် ပိတ်ဆို့မှုများမလုပ်ရန် အီးယူကို မြန်မာတိုက်တွန်း
Donate to DVB

ပြည်သူတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ထိခိုက်နစ်နာစေတာတွေ မလုပ်ဖို့ ဥရောပသမဂ္ဂ(အီးယူ)ကို အစိုးရက ရှင်းပြနေတယ်လို့ သမ္မတရုံးပြောခွင်ရ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

ဒီကနေ့ ညနေ နေပြည်တော်သမ္မတရုံးမှာ လုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အီးယူက မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှုလုပ်ဖို့ စဉ်းစားနေတဲ့ကိစ္စ  သတင်းထောက် တယောက်ရဲ့ မေးမြန်းချက်ကို ဦးဇော်ဌေးက ဖြေကြားခဲ့တာပါ။

ဒီလထဲ ကျင်းပဖို့ရှိတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်တို့ရဲ့ ထိပ်သီးအစည်းအဝေးကနေ တစ်ဆို့နေတဲ့ အချက်တွေ ကို ဆုံးဖြတ်ချက်ချနိုင်တဲ့အထိ လုပ်ဆောင်သွားမယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

အခုလထဲ မန္တလေးတိုင်း၊ ပုပ္ပါးမှာလုပ်မယ့် ထိပ်သီးအစည်းအဝေးမှာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက နှစ်ဘက်ဆွေးနွေးဖို့ သဘောတူထားတဲ့ ခွဲထွက်ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပါအ၀င် အချက် ၅ချက်ကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013