DVB Logo
Home
Lead Story
၂ ပတ်ကြာ အပစ်ရပ်ရန်နှင့် ဟော်မုဇ်ပြန်ဖွင့်ရန် အမေရိကန်-အီရန် ခြွင်းချက်ဖြင့် သဘောတူ
DVB
·
April 8, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ဟော်မုဇ်ရေလက်ကြားကနေ သင်္ဘောတွေ သွားလာခွင့်ပြုမယ်ဆိုရင် အဆိုပြုထားတဲ့ နှစ်ဖက်အပစ်ရပ်စဲရေးကို သဘောတူတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကြေညာပါတယ်။ 

အီရန်နိုင်ငံခြားရေးဝန်ကြီး ဆာယက်အဘားစ်အာရက်ဂ်ချီကလည်း "အီရန်အပေါ် တိုက်ခိုက်မှုတွေ ရပ်တန့်မယ်ဆိုရင်တိုက်ပွဲအဆုံးသတ်ဖို့ သဘောတူတယ်”လို့ အတည်ပြုပြီး အစ္စရေးကလည်း အပစ်ရပ်ဖို့ လက်ခံထားပါတယ်။

ဧပြီ ၇ ရက် အရှေ့ပိုင်းစံတော်ချိန် ည ၈ နာရီမှာ သဘောတူညီချက်မရရင် ယဉ်ကျေးမှု လူ့အဖွဲ့အစည်း (civilization) တခုလုံး သေဆုံးရလိမ့်မယ်လို့ ထရမ့်ပ်က ခြိမ်းခြောက်ထားပါတယ်။

ကြားဝင်ညှိနှိုင်းပေးတဲ့ ပါကစ္စတန်က နောက်ဆုံးသတ်မှတ်ရက်ကို နောက်ထပ် ၂ ပတ် တိုးမြှင့်ဖို့နဲ့ ဧပြီ ၁၀ ရက်က အစ္စလာမ်မာဘတ်မြို့မှာ နှစ်ဖက်ဆွေးနွေးကြဖို့ ဖိတ်ကြားထားပါတယ်။ ဆွေးနွေးပွဲစတင်မဲ့ရက်ကို အီရန်က အတည်ပြုပေမဲ့ အမေရိကန်ဘက်ကတော့ အတည်မပြုသေးပါဘူး။

အမေရိကန်ရဲ့ စစ်ရေးရည်မှန်းချက်တွေ ပြည့်မီကျော်လွန်သွားပြီဖြစ်လို့ အခုလို အပစ်ရပ်ဖို့ သဘောတူတာလို့ ထရမ့်ပ်က ဆိုပါတယ်။

အီရန်ရဲ့ အချက် ၁၀ ချက်ပါ ငြိမ်းချမ်းရေးအဆိုပြုချက်ဟာ ဆွေးနွေးဖို့ အလုပ်ဖြစ်နိုင်တယ်လို့ သူကပြောပြီး ၂ ပတ်သတ်မှတ်ချိန်မှာ သဘောတူညီချက် အပြီးသတ်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။ 

အဲဒီအဆိုပြုချက်ထဲမှာ ပိတ်ဆို့မှုတွေရုပ်သိမ်းရေး၊ အီရန်အတွက် နစ်နာကြေးပေးရေးနဲ့ ဒေသတွင်းက အမေရိကန်တပ်တွေ ရုပ်သိမ်းရေးတို့ ပါဝင်ပါတယ်။

အစောပိုင်းကတော့ လုံခြုံရေးအရ ရထားမစီးကြဖို့ အစ္စရေးက သတိပေးပြီးနောက် အီရန်နိုင်ငံ ကာရှန်မြို့က တံတားတစင်း တိုက်ခိုက်ခံရလို့ လူ ၂ ယောက် သေဆုံးခဲ့ကြောင်း အီရန်မီဒီယာတွေက ဖော်ပြပါတယ်။

ဒီအပစ်ရပ်သတင်းကြောင့် ကမ္ဘာ့ရေနံစျေးတွေလည်း သိသိသာသာ ပြန်လည်ကျဆင်းလာပါတယ်။

Source: Reuters  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013