DVB Logo
Home
မြန်မာသတင်း
ကိပ်တောင်းမြို့တွင် ဆန္ဒပြသူများကို ထိန်းသိမ်းခဲ့ဟု ရဲတပ်ဖွဲ့ပြော
DVB
·
September 26, 2018
ကိပ်တောင်းမြို့တွင် ဆန္ဒပြသူများကို ထိန်းသိမ်းခဲ့ဟု ရဲတပ်ဖွဲ့ပြော
Donate to DVB

အာဖရိကနိုင်ငံ၊ ကိပ်တောင်းမြို့မှာ ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့မှု၊ အဂတိလိုက်စားမှုနဲ့ အကြမ်းဖက်ရာဇ၀တ်မှုတွေကို ဆန့်ကျင်တဲ့ဆန္ဒပြသူတွေကို ထိန်းသိမ်းခဲ့တယ်လို့ ရဲက စက်တင်ဘာလ ၂၅ ရက်မှာ ပြောပါတယ်။

အဲဒီဆန္ဒပြပွဲတွေကို ကိပ်တောင်းမြို့အနောက်ပိုင်းတခွင်လုံး လုံးဝပိတ်သိမ်းရေး အဖွဲ့လို့ခေါ်တဲ့ WCTS က ဦးဆောင်ခဲ့တာလို့ ဒေသခံသတင်းတွေမှာ ဖော်ပြပါတယ်။

အဲဒီအဖွဲ့က ထုတ်ပြန်တဲ့ကြေညာချက်မှာတော့ ၁၉၉၄ ခုနှစ်မှာ ခွဲခြားမှုတိုက်ဖျက်ပြီး ကတည်းက အလုပ်သမား လူတန်းစားတွေရဲ့ဘ၀ တိုးတက်မှုမရှိတာကြောင့် ဒီအခြေအနေ ရပ်တန့်ဖို့ အချိန်ကျပြီလို့ ပြောထားပါတယ်။

ရဲတွေဟာ ဆန္ဒပြသူတွေကို အသံဗုံးတွေသုံးပြီး လူစုခွဲခဲ့တာပါ။ တောင်အာဖရိက သမ္မတ ရာမာဖိုဆာကတော့ အလုပ်အခိုင်ဖန်တီးရေးနဲ့ အခြေခံအဆောက်အုံ တိုးတက်ရေးအတွက် ဒေါ်လာသန်းထောင်ချီ အသုံးပြုမယ့်အစီအစဉ်တခုကို ပြီးခဲ့တဲ့တစ်ပတ်မှာ ကြေညာခဲ့ပါတယ်။

တောင်အာဖရိကနိုင်ငံဟာ အလုပ်လက်မဲ့ နှုန်း ၂၇ ရာခိုင်နှုန်းကို လျှော့ချဖို့၊ ဆင်းရဲမွဲတွေမှုနဲ့ တန်းတူညီမျှမှုမရှိတာတွေကို တိုက်ဖျက်ဖို့ စီးပွားမြန်မြန်ဖွံ့ဖြိုးဖို့ လိုအပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013