DVB Logo
Home
မြန်မာသတင်း
ကလေး ၂ ဦး အပါအဝင် တရားမဝင် မြန်မာ ၃၃ ဦးကို ထိုင်းစစ်တပ် ဖမ်းဆီး
DVB
·
August 1, 2026
ကလေး ၂ ဦး အပါအဝင် တရားမဝင် မြန်မာ ၃၃ ဦးကို ထိုင်းစစ်တပ် ဖမ်းဆီး
1 / 6
Photo : THAI Official
Donate to DVB

မြဝတီမြို့တဘက်ကမ်း မဲဆောက်မြို့၊ မယ်တော်ရပ်ကွက် ၆ မှာ မြန်မာနိုင်ငံသား ကလေးငယ် ၂ ယောက်အပါအဝင် တရားမဝင် ဝင်လာသူ ၃၃ ယောက်ကို ထိုင်းစစ်တပ်က ဖမ်းဆီးလိုက်တယ်လို့ ထိုင်းဒေသကွပ်ကဲရေးစစ်တပ်ဆီက သိရပါတယ်။

အမျိုးသား ၁၄ ယောက်၊ အမျိုးသမီး ၁၇ ယောက်နဲ့ ကလေး ၂ ယောက်တို့ဟာ သောင်ရင်းမြစ်ကို စက်လှေနဲ့ဖြတ်ပြီး သဘာဝဂိတ်ကနေ ထိုင်းနိုင်ငံဘက်ကို ရောက်လာကြတာပါ။

အဲဒီကနေ လာကြိုတဲ့ကားနဲ့သွားနေတုန်း ထိုင်းစစ်တပ် လှည့်ကင်းတွေနဲ့တွေ့လို့ ဖမ်းဆီးခံ လိုက်ရပြီး ကားသမားကတော့ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

သူတို့ဟာ ထိုင်းနိုင်ငံပြည်ဝင်ခွင့်၊ နေထိုင်ခွင့် အထောက်ထားမဲ့သူတွေဖြစ်လု့ လာကြိုတဲ့ကားနဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားအားလုံးကို မဲဆောက်မြို့မရဲစခန်းဆီပို့ထားပြီး အရေးယူဖို့ လုပ်နေတယ်လို့ သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013