DVB Logo
Home
မြန်မာသတင်း
YBS ဘတ်စ်ကားခ ၁ဝဝ ကျပ်တက်မည့်သတင်း ကောလာဟလသာဖြစ်ဟုဆို
DVB
·
September 21, 2018
YBS ဘတ်စ်ကားခ ၁ဝဝ ကျပ်တက်မည့်သတင်း ကောလာဟလသာဖြစ်ဟုဆို
Donate to DVB

YBS ဘတ်စ်ယာဉ်လိုင်းတွေ ယာဉ်စီးခကျပ် ၁ဝဝ တက်မယ့် သတင်းဟာ ကောလာဟလဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောပါတယ်။

လက်ရှိမှာ ဒေါ်လာဈေး ဂယက်ကြောင့် လောင်စာဆီဈေးနှုန်းတွေတက်နေပြီး  YBS ယာဉ်စီးခတွေ ကျပ် ၁ဝဝ တက်မယ်လို့ သတင်းတွေ ထွက်နေတာပါ။

YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က “ကျနော်တို့ YRTA က ဘာညွှန်ကြားချက်မှ မထုတ်ထားပါဘူး။ ကောလာဟလတွေပါ။ ပြီးတော့ ကျနော်တို့ YBS ကားတွေက စက်သုံးဆီနဲ့မောင်းတာ မဟုတ်ပါဘူး၊ CNG နဲ့ပါ။ အဲဒါကြောင့် ဘာရိုက်ခတ်မှုမှ မရှိပါဘူး” လို့ ပြောပါတယ်။

အမေရိကန်ဒေါ်လာနဲ့ မြန်မာငွေလဲနှုန်းဟာ စက်တင်ဘာ ၂၁ ရက်မှာ ၁ ဒေါ်လာကို မြန်မာကျပ် ၁၆၃၀ ကျော်ထိ ရောက်ရှိနေပါတယ်။

YRTA လက်အောက်မှာ ယာဉ်စီးရေ ၄၆ဝဝ ကျော် နဲ့ လိုင်းပေါင်း ၁၁ဝ လောက်ပြေးဆွဲနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013