DVB Logo
Home
၂၀၂၆ ကမ္ဘာ့ဖလား
စကော့တလန်နှင့် ပွဲမတိုင်ခင် ဟေတီအသင်း ဂျာစီဒီဇိုင်း ပြောင်းလဲရမည်
DVB
·
June 12, 2026
ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဟေတီအသင်း ကစားသမားအချို့။ (Photo: IMAGN IMAGES)
ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဟေတီအသင်း ကစားသမားအချို့။ (Photo: IMAGN IMAGES)
Donate to DVB

၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု (C) အဖွင့်ပွဲစဉ်မှာ စကော့တလန်အသင်းနဲ့ ကစားရမဲ့ ဟေတီအသင်းဟာ ပြိုင်ပွဲစဖို့ ရက်ပိုင်းအလိုမှာပဲ သူတို့ရဲ့ ဂျာစီဒီဇိုင်းကို ပြောင်းလဲရတော့မယ်လို့ နိုင်ငံတကာ အားကစားသတင်းတွေမှာ ဖော်ပြပါတယ်။

ဟေတီအသင်းရဲ့ ဂျာစီ ၃ မျိုးစလုံးမှာ နိုင်ငံလွတ်လပ်ရေးရခဲ့တဲ့ ၁၈၀၃ ခုနှစ်က ဗာတီယက်စ်စစ်ပွဲပုံ ပါဝင်နေတာပါ။

ဂျာစီတွေမှာ နိုင်ငံရေး၊ ဘာသာရေးနဲ့ ကိုယ်ရေးကိုယ်တာဆိုင်ရာ သတင်းစကားတွေ မပါဝင်ရဘူး ဆိုတဲ့ စည်းမျဉ်းနဲ့ မကိုက်ညီတဲ့အတွက် ပြောင်းလဲဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

ဒီဂျာစီဒီဇိုင်းကို ဖီဖာနဲ့တိုင်ပင်ပြီး လိုအပ်တာတွေ ပြင်ဆင်ခဲ့ပေမဲ့ အခုလို တောင်းဆိုလာတဲ့အပေါ် အံ့အားသင့်ရတယ်လို့ ဂျာစီထုတ်လုပ်တဲ့ ကိုလံဘီယာကုမ္ပဏီ Saeta က ဆိုပါတယ်။

၁၉၇၄ ခုနှစ်နောက်ပိုင်း ပထမဆုံး ကမ္ဘာ့ဖလားဝင်ခွင့်ရတဲ့ ဟေတီအသင်းဟာ အုပ်စု (C) မှာ စကော့တလန်၊ ဘရာဇီး၊ မော်ရိုကိုတို့နဲ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013