
ဟေတီနိုင်ငံ၊ ပို့တ်အောပရင့်စ်မြို့ရှိ ဆယ်လ်ဗီယိုကာတို အားကစားကွင်းကို လူဆိုးဂိုဏ်းတွေရဲ့ လက်ထဲကနေ ပြန်လည်ရယူဖို့ ပူးတွဲစစ်ဆင်ရေးတခု လုပ်ဆောင်ခဲ့ပြီးနောက်၊ နိုဝင်ဘာ ၁၃ ရက်မှာ အယ်လ်ဆာဗေဒို စစ်သားတွေဟာ ကင်းလှည့်စစ်ဆေးခဲ့ကြပါတယ်။
သူတို့နိုင်ငံရဲ့ တပ်ဖွဲ့တွေနဲ့ ဟေတီတပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးကနေတဆင့် အဲဒီအားကစားကွင်းကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပါ။
အဲဒီနေရာမှာ စစ်ဆင်ရေးဆိုင်ရာ အခြေစိုက်စခန်းတခု တည်ဆောက်နိုင်ဖို့အတွက် လုံခြုံရေး ရယူထားကြောင်း အယ်လ်ဆာဗေဒို သမ္မတ နာယစ်ဘ် ဘူကီလီက X လူမှုကွန်ရက်မှာ ရေးသားခဲ့ပြီး စစ်ဆင်ရေးဆိုင်ရာ ဗီဒီယိုမှတ်တမ်းတွေလည်း ထုတ်ပြန်ခဲ့ပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေ ဆယ်ဗီယိုကာတို အားကစားကွင်းအတွင်း ဝင်ရောက်လာခဲ့ပြီး စစ်ဆင်ရေးအတွင်း အားကစားကွင်းထဲကနေ လူ့ဦးခေါင်းခွံအများအပြားကို တွေ့ရှိခဲ့ရကြောင်း ဘူကယ်လီက ပြောပါတယ်။
တိုက်ခိုက်မှုတွေ မစတင်ခင်မှာ လူဆိုးဂိုဏ်းဝင်တွေကို အဲဒီနေရာကနေ ထွက်ခွာသွားဖို့လည်း ပြောဆိုခဲ့ပါတယ်။
နိုဝင်ဘာလ ၁၂ ရက်ကတည်းက စစ်သားတွေဟာ အားကစားကွင်းအတွင်း ကင်းလှည့်တာနဲ့ ပတ်လည်မှာ လုံခြုံရေးယူထားတာတွေကို ရိုက်တာရဲ့ ရုပ်သံမှတ်တမ်းတွေမှာ တွေ့မြင်နိုင်ပါတယ်။
နိုင်ငံအတွင်းရှိ လုံခြုံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူတွေက အယ်လ်ဆာဗေဒို တပ်ဖွဲ့ဝင်တွေရဲ့ ဝင်ရောက်ကူညီမှုကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ပါတယ်။
နိုင်ငံအတွင်း လုံခြုံရေး အလွန်ဆိုးရွားနေပြီး ပြည်သူတွေ ဆင်းရဲဒုက္ခများစွာနဲ့ ရင်ဆိုင်နေရချိန်မှာ အယ်လ်ဆာဗေဒို တပ်ဖွဲ့ဝင်တွေရဲ့ ဝင်ရောက်ကူညီမှုကို ဒေသခံပြည်သူတွေက အပြည့်အဝ ကြိုဆို ထောက်ခံနေကြပါတယ်။
လက်ရှိအစိုးရမှာ လူဆိုးဂိုဏ်းတွေကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း မရှိတော့ဘဲ ပြည်သူတွေအနေနဲ့လည်း အကျပ်အတည်း အမျိုးမျိုးနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
ဒါပေမဲ့အခုလို ဘူကီလီရဲ့ လုပ်ဆောင်ချက်ကြောင့် ၂၀၂၁ ခုနှစ်က ပြင်သစ်နိုင်ငံသား ၂ ယောက် အပါအဝင် ဘုန်းတော်ကြီးနဲ့ သီလရှင်တွေကို ပြန်ပေးဆွဲမှုတွေကြောင့် အမေရိကန် FBI ရဲ့ အလိုအလျောက်စာရင်းမှာ ပါဝင်နေတဲ့ နာမည်ကျော် လူဆိုးဂိုဏ်းခေါင်းဆောင် လာမိုဆန်ဂျူ ထွက်ပြေးနေရပြီလို့ သိရပါတယ်။
Source: Reuters











