
ဒီမနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလားနောက်ဆုံးဗိုလ်လုပွဲမှာ မန်စီးတီးအသင်းက ချယ်လ်ဆီးအသင်း ကို ( ၁-၀) ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲသွားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီကမှ ဘုန်းမောက်ကနေ ရောက်လာတဲ့ အန်တွမ် ဆီမင်ညိုရဲ့ ပွဲချိန် ၇၂ မိနစ် အဖိုးတန် အနိုင်ဂိုးကြောင့် မန်စီးတီးဟာ ချယ်လ်ဆီးကို ၁-၀ ဂိုးနဲ့ နိုင်ပြီး အက်ဖ်အေဖလား ချန်ပီယံ ဖြစ်သွားခဲ့တာပါ။
ဆီမင်ညိုဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ဂါနာကစားသမား ဖြစ်လာခဲ့ပြီး နည်းပြ ဂွါဒီယိုလာအတွက်တော့ မန်စီးတီးနဲ့ ၁၀ နှစ်အတွင်း ၂၀ ခုမြောက် ဆုဖလား ဖြစ်လာပါတယ်။
ကာရာဘောင်ဖလားနဲ့ အက်ဖ်အေဖလား ရရှိထားတဲ့ မန်စီးတီးဟာ ပရီးမီးယားလိဂ်မှာလည်း အာဆင်နယ်နောက် ၂ မှတ်အကွာနဲ့ ဖိလိုက်နေလို့ ပြည်တွင်းဖလား ၃ လုံးစလုံးရဖို့ မျှော်လင့်ချက် ရှိနေပါတယ်။










