DVB Logo
Home
မြန်မာသတင်း
နုလုံးသားထဲပုဂံ ခေါင်းစဉ်ဖြင့် မုံရွာတွင် ပထမဆုံးအကြိမ် ဓာတ်ပုံပြပွဲ ပြုလုပ်
DVB
·
September 7, 2018
နုလုံးသားထဲပုဂံ ခေါင်းစဉ်ဖြင့် မုံရွာတွင် ပထမဆုံးအကြိမ် ဓာတ်ပုံပြပွဲ ပြုလုပ်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့တော်ခန်းမမှာ နုလုံးသားထဲပုဂံ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပထမဆုံးအကြိမ် ဓာတ်ပုံပြပွဲကို ၃ ရက်ကြာ ပြုလုပ်နေပါတယ်။

ဒီပြပွဲမှာ နိုင်ငံသား ဓာတ်ပုံပညာရှင်နဲ့ ဝါသနာရှင်တွေ ရိုက်ကူးထားတဲ့ ပုဂံဒေသ ဓာတ်ပုံပေါင်း ၂၀၀ နီးပါးကို ပြသနေတာပါ။

ပြပွဲမှာ ပြသထားတဲ့ ဓာတ်ပုံတွေကို အနည်းဆုံး မြန်မာငွေကျပ် ၁ သိန်းခွဲ ဈေးသတ်မှတ်ကာ ရောင်းချပေးသွားမှာလည်း ဖြစ်ပါတယ်။

ရရှိတဲ့ငွေတွေကိုတော့ ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ လုပ်ဆောင်တဲ့ နေရာတွေမှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။

“အတိအကျဆိုရင် ၁၉၇ ပုံရှိတယ်။ နောက်ထပ်လည်း ရောင်းရတဲ့ နေရာတွေကို ပြန်ဖြည့်သွားဖို့ ရှိတယ်။ နောက်ထပ် ပုံ ၂၀ ကျော် ရှိပါသေးတယ်။ ဒီပွဲက မုံရွာမြို့မှာရှိတဲ့ ပုဂံကိုချစ်တဲ့၊ ပုဂံကို တန်ဖိုးထားတဲ့ ပိုက်ဆံတတ်နိုင်တဲ့သူတွေ ဝယ်ယူရင်း ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ လုပ်ဆောင်ရာမှာ ကူညီစေချင်တာပါ။ ဖိုတိုအယ်လ်ဘမ် အနေနဲ့လည်း စာအုပ်တွေ ထုတ်ထားပါတယ်။ တအုပ်ကို  တသောင်းခွဲနဲ့ ရောင်းချပေးပါတယ်။ ပြီးတော့ ပုဂံရဲ့ အငွေ့အသက်ပါတဲ့ လွယ်အိတ်၊ အင်္ကျီတွေကိုလည်း ရောင်းချပေးပါတယ်။ ဒီလိုပွဲကို ပုဂံ၊ ရန်ကုန်၊ မန္တလေး၊ မုံရွာမှာ ပြုလုပ်နေတာပါ။ နိုင်ငံတော်အတွက် အများကြီး အကျိုးရှိပါတယ်” လို့ ပွဲစီစဉ်သူ ကိုပြည့်ဖြိုးမောင်မောင်က ပြောပါတယ်။

ဒီဓာတ်ပုံပြပွဲမှာ မုံရွာမြို့ခံ ဓာတ်ပုံဆရာတွေ အပါအဝင် ဓာတ်ပုံဆရာ ၁၂၀ ဦးရဲ့ ဓာတ်ပုံတွေကို ပြသနေတာပါ။

မုံရွာမြို့မှာ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ နုလုံးသားထဲပုဂံ ဓာတ်ပုံပြပွဲကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံ) တာဝန်ရှိသူတွေ၊ တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ နှလုံးသားထဲက ပုဂံအဖွဲ့၊ မေတ္တာမိုး ပရဟိတအဖွဲ့၊ မြန်မာနိုင်ငံအတွင်းက ဓာတ်ပုံပညာရှင်၊ ဝါသနာရှင်တွေနှင့် ဒေသခံတွေ တက်ရောက်ခဲ့ကြပါတယ်။

နှလုံးသားထဲကပုဂံ ဓါတ်ပုံပြပွဲကို ပုဂံ၊ ရန်ကုန် အမျိုးသားပြတိုက်၊ မန္တလေး နဲ့ မုံရွာမြို့တွေမှာ လှည့်လည်ပြလုပ်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013