DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-ဒလတံတား ဒီဇင်ဘာမကုန်မီ ဆောက်မည်၊ ချေးငွေစောင့်နေ၍ ကြန့်ကြာနေဟု ဒုဝန်ကြီး ပြော
DVB
·
September 7, 2018
ရန်ကုန်-ဒလတံတား ဒီဇင်ဘာမကုန်မီ ဆောက်မည်၊ ချေးငွေစောင့်နေ၍ ကြန့်ကြာနေဟု ဒုဝန်ကြီး ပြော
Donate to DVB

ရန်ကုန်-ဒလ တံတားကို ဒီဇင်ဘာလမကုန်ခင် စတင်တည်ဆောက်သွားမှာဖြစ်ပြီး ကိုရီးယားချေးငွေစောင့်နေလို့ တံတားတည်ဆောက်ရေး ကြန့်ကြာနေတာဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောပါတယ်။

စက်တင်ဘာ ၇ ရက် ပြည်သူ့လွှတ်တော်မှာ ဒလမဲဆန္ဒနယ်က ဒေါက်တာစိန်မြအေးရဲ့ ကိုရီးယား-မြန်မာ ချစ်ကြည်ရေး ရန်ကုန်-ဒလ တံတားစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ဘာ့ကြောင့် နှောင့်နှေး ကြန့်ကြာနေရကြောင်းနဲ့ ဘယ်အချိန်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ စတင်မလဲဆိုတဲ့ မေးခွန်းကို ဖြေရင်း ဒုဝန်ကြီးက ပြောခဲ့တာပါ။

“ကိုရီးယား-မြန်မာချစ်ကြည်ရေး ရန်ကုန်-ဒလ တံတားတည်ဆောက်ရေး စီမံကိန်းနဲ့ ပတ်သက်လို့ ပင်မတံတား၏ ခန်းဖွင့်အကျယ် ၃၂၀ မီတာမှ ၃၇၀ မီတာသို့ ပြင်ဆင်ပြောင်းလဲရသည့်အတွက် ထပ်မံလိုအပ်တဲ့ အမေရိကန်ဒေါ်လာ သန်း ၂၀  ချေးယူရရှိနိုင်ရေးကိစ္စကို နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးနေဆဲ ကာလအတွင်းမှာ တံတားတည်ဆောက်ရေး လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မရှိစေရန်အတွက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ မကုန်မီမှာ ဆောင်ရွက်လို့ရတဲ့ တည်ဆောက်ရေး လုပ်ငန်းများကို အခု ပြည်သူတွေ မျှော်လင့်နေတာက ဒီတံတားကြီးကို စတင်တည်ဆောက်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့က ညှိနှိုင်းရမယ့် ရေလယ်ခန်းဖွင့်တွေ၊ ပင်မတံတားစီမံကိန်းတွေ ထားပြီးတော့ ဆောက်လို့ရတဲ့ အပိုင်းတွေ အားလုံးကို ဒီဇင်ဘာလမကုန်မီမှာ စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။”

ပင်မတံတားရဲ့ ခန်းဖွင့်အကျယ်နဲ့ ပတ်သက်ပြီး ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက ကန့်ကွက်ခဲ့လို့ ပြန်လည်ညှိနှိုင်းခဲ့ကြပြီး ခန်းဖွင့်အကျယ် ထပ်တိုးချဲ့လိုက်တဲ့အတွက် နောက်ထပ် အမေရိကန်ဒေါ်လာ သန်း ၂၀ လိုအပ်လာတာ ဖြစ်ပါတယ်။

အစပိုင်းက တံတားစီမံကိန်းကာလကို ၂၀၁၅-၂၀၁၆ ကနေ ၂၀၁၉-၂၀၂၀ ထိ လျာထား သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒလတံတားကို ဒလမြို့ ဗိုလ်မင်းရောင်လမ်းနဲ့ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်က စဥ့်အိုးတန်းဆိပ်ကမ်းတို့ကို ဆက်သွယ်တည်ဆောက်မှာဖြစ်ပြီး တံတားအရှည် ၆၁၄၄ ပေရှိ ၄ လမ်းသွားတံတား ဖြစ်ပါတယ်။

တံတားတည်ဆောက်ဖို့ ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်းဖြစ်ပြီး ဒီထဲက အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းနဲ့ ညီမျှတဲ့ ကိုရီးယားဝမ်ကို ကိုရီးယားချေးငွေ (EDSF Loan) နဲ့ တည်ဆောက်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013