
ယူကရိန်းဟာ အခုနှစ်ကုန်မှာ အမေရိကန်လုပ် ပက်ထရီရော့ဒ် လေကြောင်းကာကွယ်ရေးစနစ်တွေအတွက် ဒုံးကျည်တွေထုတ်ဖို့ နည်းပညာစွမ်းရည် ရှိလာမယ်လို့ မျှော်လင့်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဇူလိုင် ၁၅ ရက်မှာ ပြောပါတယ်။
ယူကရိန်းဟာ ဥရောပရဲ့ ဖွံ့ဖြိုးဆဲ ဒုံးကျည်တိုက်ဖျက်ရေး စီမံကိန်း ဖရေးယာအတွက် အလားအလာရှိတဲ့ ပစ်လွှတ်စင်နဲ့ ဒုံးကျည်တခုရှိပြီး စမ်းသပ်မှုတွေ အောင်မြင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ဇလန်းစကီးက သတင်းထောက်တွေကို ပြောပါတယ်။
ယူကရိန်းအစိုးရဟာ ဇူလိုင် ၁၅ ရက်မှာ ပင်လယ်နက်ထဲက ဓာတ်ငွေ့တင်သင်္ဘော ၂ စင်း၊ ရေနံတင်သင်္ဘော ၁၇ စင်းနဲ့ ဆွဲသင်္ဘောတစင်း အပါအဝင် ရုရှားသင်္ဘော ၂၀ ကို တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်း ဒရုန်းတပ်ဖွဲ့တွေရဲ့ တပ်မှူးက ပြောပါတယ်။
လူမဲ့စနစ်တပ်ဖွဲ့တွေရဲ့ တပ်မှူး ရောဘတ် ဘရိုဒီက သင်္ဘောတွေကို တိုက်ခိုက်ပုံတွေကို ပြထားတဲ့ရုပ်သံကို တယ်လီဂရမ်ကနေ ထုတ်လွှင့်ခဲ့ပါတယ်။
ဇူလိုင် ၁၅ ရက်မတိုင်မီ အွန်လိုင်းမှာ တင်ထားတဲ့ ဗီဒီယိုရဲ့ အရင်ပုံစံတွေကို မတွေ့ရပေမဲ့ ဗီဒီယိုရိုက်ကူးခဲ့တဲ့နေရာနဲ့ ရက်စွဲကို လွတ်လွတ်လပ်လပ် အတည်မပြုနိုင်ပါဘူး။
ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း ယူကရိန်းဟာ အာဇော့ဗ်ပင်လယ်ထဲက ရုရှား အရိပ် ရေတပ်ပိုင်သင်္ဘော ၁၁၆ စင်းနဲ့ ပင်လယ်နက်ထဲက သင်္ဘော အစင်း ၂၀ ကို တိုက်ခိုက်ခဲ့တယ်လို့ ဘရိုဒီက ပြောပါတယ်။
Source: Reuters











