
ဘရာဇီးရွေးကောက်ပွဲဆိုင်ရာ တရားရုံးက သြဂုတ်လ ၃၁ ရက်နေ့မှာ သမ္မတဟောင်း လူလာဒါဆေးဗားကို ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခွင့် တားမြစ်လိုက်ပါတယ်။
သမ္မတဟောင်းဟာ အကျင့်ပျက်ခြစားမှု ပြစ်ဒဏ် ကျခံနေတာကြောင့် တရားရုံးက တားမြစ်လိုက်တာဖြစ်ပြီး လူလာရဲ့ ရှေ့နေတွေကတော့ ဒီဆုံးဖြတ်ချက်ကို တရားရုံးချုပ်မှာ အယူခံဝင်သွားမယ်လို့ ပြောခဲ့ပါတယ်။
တရားသူကြီး အက်ဂျီမာ ဂွန်ဇာဂါဟာ အဲဒီဆုံးဖြတ်ချက်ကို ၆ မဲ၊ ၁ မဲနဲ့ ပြတ်ပြတ်သားသား မဲခွဲဆုံးဖြတ်ခဲ့ပြီး လက်ဝဲ၀ါဒီ နိုင်ငံရေးသမား လူလာကို ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ကနေ ဖယ်ရှားလိုက်တာပါ။
ဘရာဇီးနိုင်ငံရဲ့ လူကြိုက်အများဆုံး နိုင်ငံရေးသမား သမ္မတဟောင်း လူလာဟာ အကျင့်ပျက်ခြစားမှု ပြစ်ဒဏ်နဲ့ ထောင်ဒဏ် ၁၂ နှစ် ကျခံနေတာဖြစ်ပါတယ်။










