DVB Logo
Home
မြန်မာသတင်း
မြင်းခြံမြို့နယ်​တွင် ဖရဲသီး​များ စတင်​ထွက်ရှိနေသော်လည်း ​ဈေး​​ကောင်းမရသေး
DVB
·
August 31, 2018
မြင်းခြံမြို့နယ်​တွင် ဖရဲသီး​များ စတင်​ထွက်ရှိနေသော်လည်း ​ဈေး​​ကောင်းမရသေး
Donate to DVB

မန္တ​လေးတိုင်း​ဒေသကြီး၊ မြင်းခြံမြို့နယ်​ အနီးပတ်​ဝန်းကျင်​​ ကျေးရွာ​တွေမှာ ရာသီ​ပေါ် သီးနှံတမျိုးဖြစ်​တဲ့ ဖရဲသီးတွေ အသီး​တွေ စတင်​ထွက်​ရှိလာပေမယ့် ​ရောင်းချတဲ့​နေရာမှာ ​ဈေး​ကောင်းမရရှိသေးဘူးလို့ ဒေသခံ ဖရဲစိုက်တောင်သူတွေထံက သိရပါတယ်။

သစ်ရုံကျေးရွာမှာ ဖရသီး ၈ ဧက စိုက်ပျိုးထားသူ ဦး​မောင်​​ကျော်​က “မနှစ်​က မိုးများတာရယ်​၊ ဖရဲသီး အဝယ်​နည်းတာရယ်​​ကြောင့်​ ပုပ်​ကုန်​ပြီး ​တောင်​သူ​တွေ ရှုံးကြတယ်။ ဒီနှစ် မိုးက သဲသဲမဲမဲမရွာ​တော့ ဖရဲသီး စိုက်​ပျိုးတဲ့​ တောင်​သူ​တွေ အခက်​​တွေ့တယ်​။ မိုးမရွာ​တော့ ​ဆေးကိုပဲ အားကိုးသုံး​နေရတယ်​။ ​ဆေးကို ၅ ရက်​ တစ်​ကြိမ်​​လောက် ဖျန်း​ပေးရ​တော့ ကုန်​ကျစရိတ်​က အရမ်းများ​နေတာ​ပေါ့၊ အသီးထွက်​နှုန်း​ကောင်းဖို့က ​ဆေးကို မကြာခဏ ဖျန်း​ပေး​နေရတာ။ မိုးမ​ကောင်း​တော့ အခြားသီးနှံဖြစ်​တဲ့ ​မြေပဲတို့၊ နှမ်းတို့ စိုက်​လည်း ​တောင်​သူ​တွေ အရှုံး​ပေါ်​နေတာဆို​တော့ ဖရဲသီးက​ ရာသီ​ပေါ်သီးနှံဆိုပြီး စိုက်​ပျိုးကြတာပါ။ ​ရောင်းချတဲ့​နေရာမှာလည်း အခုချိန်​ထိ​တော့ ​ဈေး​ကောင်းမရ​သေးတဲ့အတွက်​ ​တောင်​သူ​တွေ အဆင်​မ​ပြေကြပါဘူး။”

ဖရဲသီးမှာ 855 နဲ့ 211 ဆိုပြီး အမျိုးအစား နှစ်မျိုးရှိပြီး နှစ်စဉ်​ ​ဒေသထွက်​ ဖရဲသီး​တွေကို ပြည်​တွင်း မြို့ကြီးတွေသာမက တရုတ်​ပြည်​အထိ တင်​ပို့​ရောင်းချ​နေရတာလည်း ဖြစ်​ပါတယ်။ လက်​ရှိမှာ​တော့ ​ရေကြီး ​ရေလျှံမှုတွေ​ကြောင့် လမ်းပန်းဆက်​သွယ်​​ရေး​တွေ အခက်​အခဲဖြစ်​​​နေလို့ ကုန်​တင်​ပို့မှု ရပ်​ဆိုင်းထားရတယ်​လို့ သိရပါတယ်​။

ဖရဲသီး အ​ရောင်းအဝယ်​ ပြုလုပ်​​နေတဲ့ ကိုဖိုး​ဇော်​ “အခု မူဆယ်​ကို​တော့ စပို့​နေပြီ၊ တရုတ်​ဘက်​က များများ အဝယ်​လိုက်​မှ ​ဈေး​ကောင်းရတာ။ ခု​တော့ ​ဈေးကွက်​က မ​ကောင်း​သေးဘူး၊ ရန်​ကုန်​၊ ​မော်​လမြိုင်၊ တိုက်​ကြီး စတဲ့မြို့ တွေကိုလည်း တင်​ပို့​ရပါတယ်​။ ဒါ​ပေမဲ့ လမ်း​ပန်းဆက်​သွယ်​​ရေး​တွေ မ​ကောင်းလို့ ရပ်​ဆိုင်းထားရတယ်​လို့ ဆိုပါတယ်​။

မြင်းခြံမြို့နယ်​မှာ ဖရဲသီးစိုက်​ခင်း​တွေကို မြင်းခြံမှ နဘူးအိုင်​သို့သွားရာ ကားလမ်း​ဘေး ဝဲယာတလျှောက်​ရှိ ​ကျေးရွာ​တွေမှာ အများဆုံး​ စိုက်​ပျိုး​နေကြတာလည်း ဖြစ်​ပါတယ်​။

သတင်း - ရီရီထွန်း(မြင်းခြံ)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013