DVB Logo
Home
မြန်မာသတင်း
မြန်မာရေဘေးအတွက် အီးယူက ယူရိုငွေ ၁၃၀၀၀၀ လှူဒါန်း
DVB
·
August 24, 2018
မြန်မာရေဘေးအတွက် အီးယူက ယူရိုငွေ ၁၃၀၀၀၀ လှူဒါန်း
Donate to DVB

ပဲခူးတိုင်း၊ ကရင်နဲ့ မွန်ပြည်နယ် ရေဘေးအတွက် ဥရောပသမဂ္ဂ (အီးယူ) က မြန်မာကျပ်ငွေ ၂၀၆ သန်းကျော်နဲ့ ညီမျှတဲ့ ယူရိုငွေ ၁၃၀၀၀၀ ကူညီထောက်ပံ့ပေးမယ်လို့ သတင်းထုတ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြင်းထန်စွာ ရွာသွန်းခဲ့တဲ့ မုတ်သုံမိုးကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ရေလွှမ်းမိုးမှုတွေအတွက် လူသားချင်းစာနာမှု အထောက်အပံ့အနေနဲ့ ယူရို ၁၃၀၀၀၀ ကို အရေးပေါ်အခြေအနေ ပြင်းထန်ဆိုးရွားစွာ ကြုံတွေ့နေရတဲ့ နေရာတွေမှာ ကူညီပံ့ပိုးပေးနိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အီးယူရဲ့ ကူညီထောက်ပံ့မှုဟာ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့အတွင်းရှိ လူဦးရေ ၁၅၀၀၀ ကို တိုက်ရိုက် အကျိုးခံစားခွင့် ရရှိစေမှာ ဖြစ်ပါတယ်။

ဒီရန်ပုံငွေတွေဟာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကတဆင့် ရေဘေးသင့် မိသားစုတွေကို  ပံ့ပိုးကူညီပေးနေပြီး ရေဘေးသင့်ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရေကြီးချိန်မှာ ရောဂါဖြစ်ပွားမှုတွေ အတွက်လည်း ရေဘေးသင့်ပြည်သူတွေအတွက် တကိုယ်ရေသုံး ပစ္စည်းတွေ ဖြန့်ဝေတာ၊ ကျန်းမာရေးနဲ့ တကိုယ်ရေသန့်ရှင်းမှု အသိပညာမြှင့်တင်ပေးရေး လုပ်ငန်းရပ်တွေကိုလည်း  ဆောင်ရွက်ပေးနေပါတယ်။

အီးယူရဲ့ ကူညီမယ့်စာရင်းထဲ မပါတဲ့ တနင်္သာရီမြို့မှာတော့ ရေကြီးရေလျှံမှုကို သုံးကြိမ်တိုင် ခံစားနေရပြီး ရေဘေးသင့်သူတွေ စားနပ်ရိက္ခာ လိုအပ်နေပါတယ်။

တနင်္သာရီမြို့က တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက “ရေကြီးတာ ပြီးခဲ့တဲ့လ ၁၄ ရက်ထဲကဆိုတော့ တလကျော်သွားပြီ၊ တောက်လျှောက် တက်လိုက်ကျလိုက် တက်လိုက်ကျလိုက်နဲ့ အခု ပြန်ကျတာ ၃ ကြိမ်မြောက်ရှိသွားပြီ၊ စားနပ်ရိက္ခာ လိုအပ်တယ်ဗျ” လို့ ပြောပါတယ်။

တနင်္သာရီမြို့မှာ လတ်တလော ရေဘေးကယ်ဆယ်ရေးစခန်း ၁၀ ခု ဖွင့်ထားပြီး လူဦးရေ ၁၃၀၀ ကျော် ခိုလှုံနေထိုင်နေကြပါတယ်။

ရေဘေးသင့်သူတွေကို တိုင်းအစိုးရ၊ လူကယ်ပြန်ဌာနနဲ့ စေတနာရှင် အလှူရှင်တွေက ဝိုင်းဝန်းထောက်ပံ့ ကူညီပေးနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013