DVB Logo
Home
မြန်မာသတင်း
စီးပွားရေးသတင်းပေးပို့မှု ပိုမိုကောင်းမွန်စေရန် မီဒီယာသမားများနှင့် ၀န်ကြီးဌာနဆွေးနွေး
DVB
·
August 22, 2018
စီးပွားရေးသတင်းပေးပို့မှု ပိုမိုကောင်းမွန်စေရန် မီဒီယာသမားများနှင့် ၀န်ကြီးဌာနဆွေးနွေး
Donate to DVB

သတင်းမီဒီယာတွေနဲ့ အစိုးရဝန်ကြီးဌာနတို့ ပူးပေါင်းပြီး စီးပွားရေးကဏ္ဍ သတင်းပေးပို့မှုတွေ ပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်တဲ့ ဖိုရမ်ဆွေးနွေးပွဲတခုကို နေပြည်တော်  မင်္ဂလာသီရိဟိုတယ်မှာ သြဂုတ် ၂၂ ရက်က ပထမဆုံးအကြိမ် ကျင်းပပါတယ်။

ဒေတာအချက်အလက်နဲ့ စာရင်းအင်းတွေ လက်လမ်းမီရရှိဖို့နဲ့ အချက်အလက်မှန်ကန်ဖို့ အပိုင်းတွေကို ဦးစားပေးဆွေးနွေးကြတာဖြစ်ပြီး ဒေတာအချက်အလက်တွေ ထုတ်ပြန်မှုအပိုင်း ပိုမိုအားကောင်းလာအောင် ဝန်ကြီးဌာနတွေကို ဆက်လက်တွန်းအားပေးမယ်လို့ ပြန်ကြားရေး ဒုဝန်ကြီး ဦးအောင်လှထွန်းက ပြောပါတယ်။

လက်ရှိမှာ ဝန်ကြီးဌာနတွေအနေနဲ့ တိကျတဲ့ စာရင်းအချက်လက်တွေ ထုတ်ပြန်နိုင်မှု အားနည်းချက်တွေရှိသလို ဒေတာအချက်အလက်တွေကနေ သတင်းအဖြစ် ပြောင်းလဲ ထုတ်လုပ်နိုင်မှု အပိုင်းမှာလည်း သတင်းမီဒီယာတွေအတွက် အခက်အခဲရှိနေတယ်လို့ ဖိုရမ်မှာ ပါဝင်ဆွေးနွေးနေတဲ့ သတင်းမီဒီယာတွေက ပြောပါတယ်။

ဒေတာအချက်အလက်ပေါ် အခြေခံပြီ သတင်းတည်ဆောက်မှုအများဆုံး ပြုလုပ်ရတဲ့ စီးပွားရေး သတင်းကဏ္ဍမှာ ကျွမ်းကျင်ပိုင်နိုင်တဲ့ သတင်းသမားတွေ နည်းပါနေတယ်လို့လည်း သတင်း မီဒီယာဘက်ကနေ ဆွေးနွေးခဲ့ပါတယ်။

သတင်းနှင့်ဓာတ်ပုံ - အောင်ဆန်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013