
တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂျွန်းမြို့က ကားအပိုပစ္စည်းစက်ရုံတခုမှာ မတ် ၂၀ ရက်က မီးလောင် တာကြောင့် လူ ၅၀ ဒဏ်ရာရရှိခဲ့ပြီး အဲဒီထဲမှာ ၃၅ ယောက်ဟာ ပြင်းထန်ဒဏ်ရာ ရရှိထားတယ်လို့ ယွန်ဟက်ပ် သတင်းအေဂျင်စီက ထုတ်ပြန်ပါတယ်။
မီးသတ်ဌာနက ထုတ်ပြန်တဲ့ ဗီဒီယိုမှတ်တမ်းတွေမှာတော့ ကောင်းကင်ယံအထိ မည်းမှောင်နေတဲ့ မီးခိုးလုံးကြီးတွေ တက်နေတာကို တွေ့ရပါတယ်။
မီးငြှိမ်းသတ်ရေးအတွက် ဝန်ထမ်းအင်အား ၂၄၀ လောက်ကို စေလွှတ်ထားတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
ဝန်ကြီးချုပ် ဂင်မ်မင်ဆုတ်ခ်ကတော့ လူ့အသက်တွေကို ကယ်တင်ဖို့က ထိပ်တန်းဦးစားပေး ဖြစ်တယ်လို့ ညွှန်ကြားထားကြောင်း ယွန်ဟပ်သတင်းမှာ ဖော်ပြထားပါတယ်။
အမျိုးသားမီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူဆီကို မှတ်ချက်ပေးဖို့ ဖုန်းနဲ့ ချက်ချင်းဆက်သွယ်လို့ မရသေးပါဘူး။
Source: Reuters











