DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန် ကွယ်လွန်
DVB
·
August 18, 2018
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန် ကွယ်လွန်
Donate to DVB

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန် (အသက် ၈၀) ဟာ ဒီနေ့ ကွယ်လွန်သွားခဲ့တယ်လို့ သူ့ဖောင်ဒေးရှင်းက ထုတ်ပြန်ပါတယ်။

မစ္စတာ ကိုဖိအာနန်ဟာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဖျားနာပြီး ရုတ်တရက် ကွယ်လွန်သွားခဲ့တာလို့ သူ့မိသားစုက ဆိုပါတယ်။

ကိုဖီအာနန်ဟာ ၇ ယောက်မြောက် ကုလသမဂ္ဂအထွေတွေအတွင်းရေးမှူးချုပ်ဖြစ်သလို  ဒီတာဝန်ထမ်းဆောင်ရတဲ့ ပထမဆုံး လူမည်း အာဖရိကန် ဖြစ်ပါတယ်။

ကုလ ဝန်ထမ်းတွေထဲကနေ ပထမဆုံးအနေနဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်လာသူလည်း ဖြစ်ပြီး ၁၉၉၇ ခုနှစ်ကနေ ၂ဝဝ၆ ခုနှစ်အထိ သက်တမ်း နှစ်ဆက် တာဝန်ထမ်းခဲ့ပါတယ်။

ဒါ့အပြင် သူဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ရပ်အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ဆီးရီးယား နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်အဖြစ် တာဝန်ယူခဲ့ပြီး ပဋိပက္ခတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးမှာ ကြိုးပမ်းအား ထုတ်ခဲ့သူ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် သြဂုတ်လမှာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌအဖြစ် ကိုဖီအာနန်ကို ခန့်အပ်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် စက်တင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အဖွဲ့ဟာ မောင်တောမြို့နယ် မြောက်ပိုင်းက တိုက်ခိုက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ စွပ်စွဲမှုတွေရှိနေတဲ့ ကျေးရွာတွေကို သွားရောက်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လမှာ အချက် ၈၀ ကျော်ပါဝင်တဲ့  အပြီးသတ်အစီရင်ခံစာကို ကော်မရှင်က တင်သွင်းခဲ့ပြီး ဖြစ်ပါတယ်။

ကိုဖီအာနန်ကို ဂါနာနိုင်ငံမှာ ၁၉၃၈ ခုနှစ်က မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်မှာ ဇနီးသည်နဲ့ ကလေး ၃ ယောက်ကျန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013