DVB Logo
Home
မြန်မာသတင်း
မစ္စတာ ကိုဖီအာနန် မြန်မာပြည်ကို ထပ်မံလာရောက်မည်
DVB
·
November 28, 2016
မစ္စတာ ကိုဖီအာနန် မြန်မာပြည်ကို ထပ်မံလာရောက်မည်
Donate to DVB

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ခေါင်းဆောင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဟာ မနက်ဖြန် နိုဝင်ဘာ ၂၉ ရက် မြန်မာနိုင်ငံကိုရောက်လာမယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက စုံစမ်းသိရပါတယ်။

မစ္စတာ ကိုဖီအာနန်ဟာ မြန်မာနိုင်ငံကို မနက်ဖြန်မွန်းလွဲပိုင်းလောက်ရောက်လာဖို့ရှိပြီး ဒီဇင်ဘာလ ၆ ရက်နေ့၊ ၇ရက်နေ့လောက်မှာ ပြန်လည်ထွက်ခွာမှာဖြစ်တဲ့အကြောင်းနဲ့ ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာမှာ ဖြစ်တယ်လို့ မြန်မာ နိုင်ငံခြားရေးဌာန ဒုညွန်ကြားရေးမှုးချုပ် ဒေါ်မွှေးမွှေးခိုင်က ဒီဗွီဘီကို ပြောပါတယ်။

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ ဖိအားတွေ တိုးမြင့်လာနေချိန်မှာ ခုလိုရောက်ရှိလာတာဖြစ်ပြီး မစ္စတာ ကိုဖီအာနန်အနေနဲ့ အကြမ်းဖက် စီးနင်းတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောဒေသကို သွားမယ်၊ မသွားဘူး ဆိုတာကတော့ မသိရသေးပါဘူး။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဥက္ကဋ္ဌအဖြစ်ခေါင်းဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ပြည်ပကပညာရှင် ၃ ဦး၊ ပြည်တွင်းကပညာရှင် ၆ ဦး၊ ပေါင်း ၉ ဦးနဲ့ ပြီးခဲ့တဲ့ သြဂုတ်လမှာ မြန်မာအစိုးရက ဖွဲ့စည်းတာဝန်ပေးခဲ့တာပါ။

ကော်မရှင်ဖွဲ့စည်းပြီးနောက်အဖွဲ့ခေါင်းဆောင် ကိုဖီအာနန်ကိုယ်တိုင် ပြီးခဲ့တဲ့ စက်တင်ဘာ ၃ရက်က မြန်မာနိုင်ငံကို လာရောက်လေ့လာခဲ့ပြီး အကြံပေးကော်မရှင်အနေနဲ့ ရခိုင်ပြဿ နာကိစ္စနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်ပေးတာတွေလုပ်မှာမဟုတ်ဘဲ အကြံပြုတာသာဆောင်ရွက်မယ်လို့ ကတိပေးပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013