DVB Logo
Home
မြန်မာသတင်း
SME ဖွံ့ဖြိုးတိုးတက်ရေး ဒေသထွက်ကုန်ပြပွဲ မုံရွာတွင်ကျင်းပ
DVB
·
August 17, 2018
SME ဖွံ့ဖြိုးတိုးတက်ရေး ဒေသထွက်ကုန်ပြပွဲ မုံရွာတွင်ကျင်းပ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ ဒေသတွင်း ထုတ်ကုန်ထွက်ကုန် ပြပွဲပြိုင်ပွဲကို အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက ဦးဆောင်ကာ သြဂုတ် ၁၇ ရက်ကနေ ၁၉ ရက်ထိ  ပြုလုပ်နေပါတယ်။

ဒီပြပွဲပြိုင်ပွဲကိုတက်ရောက်လာတဲ့ SME ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒုသမ္မတ ဦးမြင့်ဆွေက “မိရိုးဖလာလုပ်ငန်းတွေကနေ တီထွင်ကြံဆမှု၊ ဆန်းသစ်မှု၊ စွန့်စားမှုတွေကနေ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ထွက်ပေါ်လာဖို့ လိုအပ်ပါတယ်”လို့ အဖွင့်မိန့်ခွန်းမှာ ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ SME လုပ်ငန်းပေါင်း ၆ဝဝဝ ကျော်ရှိပါတယ်။ ဒီပြပွဲမှာတော့ လုပ်ငန်းအမျိုးအစား ၁၃ မျိုးပါဝင်ပြီး လုပ်ငန်းရှင် ၂၁ဝ ကသူတို့ရဲ့ အသေးစား၊ အလတ်စား ဒေသတွင်းထုတ်ကုန်ထွက်ကုန်တွေကို လာရောက်ပြသခဲ့ပါတယ်။

နေရာအခက်အခဲကြောင့် နောက်ထပ်လုပ်ငန်းပေါင်း ၃ဝ ကျော်ပြသနိုင်ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။ စစ်ကိုင်းတိုင်းအတွင်းက SME လုပ်ငန်းတွေအတွက် အခုနှစ်အတွင်း ကျပ်သိန်းပေါင်း ၁၀၀၀၀ ကျော်ထုတ်ချေးပေးထားပြီး ပြီးခဲ့တဲ့ ဘတ်ဂျက်တွေပါပေါင်းရင် သိန်းပေါင်း ၅၀၀၀၀ နီးပါး ချေးပေးပြီးဖြစ်တယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က “SME လုပ်ငန်းတွေ ထောင်ချီရှိနေပေမယ့် ကျွမ်းကျင်လုပ်သားတွေ လိုအပ်နေသေးတယ်။ အဲဒီအတွက် ၂ဝ၁၅ ခုနှစ်ကနေ ယနေ့ထိ သက်ဆိုင်ရာဌာနတွေနဲ့ ပေါင်းပြီး SME အထောက်အကူပြုသင်တန်းပေါင်း ၁ဝ၇ ကြိမ်ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းသားပေါင်း ၂၃၁၉ ဦးကို သင်တန်းပို့ချပေးခဲ့ပါတယ်။ ဒီလိုလုပ်နိုင်တဲ့အတွက် တော်တော်များများ စားဝတ်နေရေး ပြေလည်လာပြီး အိမ်နီးနားချင်း နိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်မှု မရှိတော့ဘဲ မိမိဒေသမှာပဲ အိုးမကွာ အိမ်မကွာ အလုပ်လုပ်နေကြပါတယ်” လို့ ပြောပါတယ်။

အခုလို ပြပွဲတွေပြုလုပ်ပေးနိုင်ဖို့အတွက် စစ်ကိုင်းတိုင်းအတွင်းက ဂရိတ်ဝေါ၊ ဝမ်ပေါင်၊ ယန်စီ၊ ဂွတ်ဘရားသားစတဲ့ ကုမ္ပဏီကြီးတွေအပါအဝင် လုပ်ငန်းပေါင်း ၁ဝ ခုက ကျပ် ၄၁၅ သိန်း ထည့်ဝင်လှူဒါန်းခဲ့ပါတယ်။

SME ပြပွဲပြိုင်ပွဲတွေကို မကြာခဏပြုလုပ်ပေးခြင်းအားဖြင့် ဒေသတွင်းထုတ်ကုန် တွေ ပိုမိုလူသိများလာသလို အရည်အသွေးတွေလည်း တိုးတက်လာမှာဖြစ်ကာ ဈေးကွက်လည်း ပိုမိုချဲ့ထွင်လာနိုင်မယ်၊  ဒေသတွင်းစီးပွားရေး၊ အလုပ်အကိုင် အခွင့်အလမ်းတွေကိုလည်း ပိုမိုဖြည့်တင်းပေးနိုင်မယ်လို့ ပြပွဲမှာ လာရောက်ပြသခဲ့တဲ့ လုပ်ငန်းရှင်တွေကလည်း ပြောပါတယ်။

ဒီပြပွဲပြိုင်ပွဲကို SME ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒုသမ္မတ ဦးမြင့်ဆွေနဲ့  ပြည်ထောင်စုအဆင့်တာဝန်ရှိသူတွေ၊ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့ အစိုးရအဖွဲ့ဝင်တွေ၊ တိုင်းလွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့  ဌာနဆိုင်ရာတွေ၊ လုပ်ငန်းရှင်တွေတက်ရောက်ခဲ့ကြပါတယ်။

SME ပြပွဲပြိုင်ပွဲတွေကို ပထမအကြိမ်အဖြစ် မန္တလေးတိုင်း၊ ဒုတိယအကြိမ်အဖြစ် မကွေးတိုင်း၊ တတိယအကြိမ်အဖြစ် ဧရာဝတီတိုင်းနှင့် စတုတ္ထအကြိမ်အဖြစ် ရှမ်းပြည်နယ်တို့မှာ ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ အခု ၅ ကြိမ်မြောက်ကိုတော့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ကျင်းပနေတာပါ။ နောက်ထပ်လည်း ပဲခူးတိုင်း၊ နေပြည်တော်နဲ့ ကျန်ရှိနေသေးတဲ့ အခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း ပြသသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013