DVB Logo
Home
မြန်မာသတင်း
ဘားအံနှင့်မဒေါက်မြို့တို့၏ မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်
DVB
·
August 11, 2018
ဘားအံနှင့်မဒေါက်မြို့တို့၏ မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်
Donate to DVB

ဒီနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၁၁ နာရီခွဲအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်  ၃ ပေလောက် ကျော်လွန်နေပြီး နောက် ၅ ရက်အတွင်း စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိမယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။

စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်  ပေဝက်လောက် ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်အောက်ကို ပြန်လည်ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။

ဘားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ အထူးသတိပြု နေထိုင်ကြဖို့ မိုးဇလက အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013