DVB Logo
Home
မြန်မာသတင်း
ARSA အဖွဲ့ တိုက်ခိုက်မည့်သတင်းကြောင့် ရခိုင်တွင် ၁၇ မြို့နယ်လုံး လုံခြုံရေးတိုးမြှင့်
DVB
·
August 11, 2018
ARSA အဖွဲ့ တိုက်ခိုက်မည့်သတင်းကြောင့် ရခိုင်တွင် ၁၇ မြို့နယ်လုံး လုံခြုံရေးတိုးမြှင့်
Donate to DVB

ရခိုင်မှာ ARSA အကြမ်းဖက်အဖွဲ့ တကျော့ပြန်ဝင်ရောက်တိုက်ခိုက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှာ လုံခြုံရေး တိုးမြှင့်ချထားတယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။

မောင်တော၊ ဘူးသီးတောင် အပါအဝင် မြို့နယ် ၁၇ မြို့နယ်လုံး ရဲအင်းအားတွေ တိုးမြှင့်ချထားလိုက်ပြီးတော့ အသင့်အနေအထားပြင်ထားတယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က ထိပ်တန်းရဲရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သတင်းတွေကတော့ ရထားပါတယ်။ ကျနော်တို့ဘက်ကတော့ ရရှိတဲ့သတင်းတွေအရ ကြိုပြင်တဲ့သဘောပါပဲ။ လုပ်မယ် မလုပ်ဘူးဆိုတာကတော့ သက်ဆိုင်ရာ ဟိုဘက်အဖွဲ့ကပဲ သိကြမှာပေါ့။ သိတဲ့အတိုင်းပဲ နှစ်ပတ်လည်နေ့ ရောက်တော့မှာကို၊ ဒီသြဂုတ်၂၅ ရက်နေ့ဆိုရင်။ အဲ့ဒါကြောင့် ကျနော်တို့ဘက်တွေက မဖြစ်သင့်တာတွေ မဖြစ်ရအောင် ဂရုစိုက်ထားတယ်။ လာတိုက်မယ် မတိုက်ဘူးဆိုတာကတော့ ကျနော်လည်း တပ်အပ်မပြောနိုင်ဘူး။ ကျနော်တို့ဘက်ကတော့ အသင့်ပြင်ထားပါတယ်။ ကောလာဟလသတင်းတွေကတော့ ထွက်နေတယ်” လို့ ပြောပါတယ်။

အခုလို ARSA အကြမ်းဖက်အဖွဲ့ တိုက်ခိုက်မယ့်သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း ပြည်သူတွအနေနဲ့ စိုးရိမ်ထိတ်လန့်မှုမဖြစ်ဖို့နဲ့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်းအနီးအနား မသင်္ကာကာဖွယ် တစုံတရာ တွေ့ရှိရင် ရဲတပ်ဖွဲ့ဝင်တွေကို အမြန်ဆုံးအကြောင်းကြားဖို့ လိုတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ကတော့ စောင့်ကြည့်ကင်းတွေ၊ ရပ်ကင်းတွေ၊ လှည့်ကင်းတွေ နယ်မြေအတွင်းမှာ စိုးမိုးထားပါတယ်။ မြို့ကြီးအားလုံးမှာပေါ့နော်။ ပြည်သူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းဆောင်ရွက်စေချင်တယ်။ ကိုယ့်နယ်မြေအတွင်း မယုံသင်္ကာစရာတွေ့ရင် ရဲတပ်ဖွဲ့တွေကို အကြောင်းကြားပေးဖို့လိုတယ်။”

ဒါ့အပြင် မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်တွေမှာ နယ်ခြားစောင့်တပ်ဖွဲ့တွေနဲ့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ရယ် ပူးပေါင်းပြီး ကင်းလှည့်နေတယ်လို့ ရဲအရာရှိက ပြောပါတယ်။

မောင်တောမြို့နယ်က ရဲကင်းစခန်း ၃ဝ ကျော်ကို ပြီးခဲ့တဲ့နှစ် သြဂုတ်၂၅ ရက်နေ့က ARSA အကြမ်းဖက်အဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခဲ့တာကြောင့် ရဲတပ်သားအပါအဝင် အရပ်သားတွေတချို့ သေဆုံးခဲ့ကြပါတယ်။

ဒါ့အပြင်  ARSA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဟိန္ဒူ ၁ဝဝ ကျော်နဲ့ ဒေသခံတိုင်းရင်းတွေလည်း အများအပြားသေဆုံးခဲ့ရပါတယ်။

မောင်တောအကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက်ပိုင်းမှာလည်း တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဘဂါင်္လီတွေ သိန်းနဲ့ချီ ထွက်ပြေးသွားကြပါတယ်။

သတင်း-ဓာတ်ပုံ - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013