DVB Logo
Home
မြန်မာသတင်း
မြောက်ဦးတွင် ၄ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်သူကို ဖမ်းဆီး
DVB
·
April 24, 2026
Photo: One Nation New
Photo: One Nation New
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ အသက်မပြည့်သေးတဲ့ ၄ နှစ်အရွယ် မိန်းကလေးငယ်တယောက် အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျူးလွန်သူကတော့ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာက ဦးသင်္ခါကျော် အသက် (၆၀) အရွယ် ဖြစ်တယ်လို့ သိရပါတယ်။

ကျူးလွန်သူဟာ တရွာတည်းနေ အသက် ၄ နှစ် ကလေးငယ်ကို ဧပြီ ၂၂ ရက်က လိမ်လည်လှည့်ဖြားပြီး သူ့နေအိမ်ကိုခေါ်ကာ ပြုကျင့်ခဲ့တာလို့ မြောက်ဦးဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။

“ကလေးကို လိမ်ပြီးခေါ်တာ၊ ကလေးအသက်က ၄ နှစ်ပဲရှိသေးတယ်၊ အဘိုးအရွယ်ဆိုတော့ ရွာထဲကလူတွေ မြင်ရင်လည်း ခေါ်သွားတာကို သာမန်ပဲလို့ သတိထားမိမှာ မဟုတ်ဘူး။ ကျူးလွန်ပြီးမှ သိရတာ။”

ရခိုင်က မြို့နယ်တချို့မှာ သက်ငယ်မုဒိမ်းမှုတွေ များပြားနေပြီး ထိထိရောက်ရောက် အရေးယူပေးသင့်တယ်လို့ မြောက်ဦးဒေသခံ လူမှု‌ကူညီရေး လုပ်ဆောင်နေသူ အမျိုးသမီးတယောက်က ပြောပါတယ်။

“တခါလာရင် ဒီ အသက်မပြည့်သေးတဲ့ ကလေးတွေပဲ စော်ကားခံနေရတဲ့ သတင်းတွေပဲ ကြားနေရတယ်။ ဒီလိုကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့က အုပ်ချုပ်နေတဲ့ အစိုးရမှာ တာဝန်ရှိတယ်။ နောက်တခုက သမီးမိန်းကလေး မွေးထားတဲ့ သူတွေမှာ ဆွေမျိုးအရင်းအချာနဲ့တောင် ကလေးကို စိတ်မချ‌သင့်ဘူး။”

သက်ငယ်မုဒိမ်းမှု ကျူးလွန်တဲ့ တရားခံကိုတော့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ နယ်မြေခံ DLEPS တပ်ဖွဲ့ထံမှာ ဖမ်းဆီးအမှုဖွင့်ထားပြီး စစ်ဆေးနေတယ်လို့ ဒေသ‌ခံတွေက ပြောပါတယ်။

ရခိုင်မှာ သက်ငယ်မုဒိမ်းမှု ကျူးလွန်တဲ့သူ‌တွေကို ရာဇသတ်ကြီး ပုဒ်မ ၃၇၆(၃) အရ “မည်သူမဆို အသက် ၁၂ အောက် အမျိုးသမီးကို မုဒိမ်းမှု ကျူးလွန်ပါက ထောင်ဒဏ်တသက်ဖြစ်စေ၊ ထောင်ဒဏ် အနှစ် ၂၀ ဖြစ်စေ ချမှတ်ရမယ်” လို့ အာရက္ခ မှုခင်းနှင့် ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့/ အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရက တရားဝင် ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013