DVB Logo
Home
မြန်မာသတင်း
အာဆီယံဟာ ဆဋ္ဌမမြောက်အင်အားကြီး စီးပွားရေးအသိုက်အဝန်းဖြစ်လာဟု သမ္မတပြော
DVB
·
August 8, 2018
အာဆီယံဟာ ဆဋ္ဌမမြောက်အင်အားကြီး စီးပွားရေးအသိုက်အဝန်းဖြစ်လာဟု သမ္မတပြော
Donate to DVB

အာဆီယံဟာ ကမ္ဘာမှာ ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံး ဈေးကွက်တခုဖြစ်ပြီး ကမ္ဘာမှာ ဆဋ္ဌမမြောက် အင်အားအကြီးဆုံး စီးပွားရေး အသိုက်အဝန်းတခု ဖြစ်နေပြီလို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဒီနေ့မှာ ကျရောက်တဲ့ ၅၁ နှစ်မြောက် အာဆီယံနေ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားတာပါ။

လာမယ့် ၂၀၃၀ မှာတော့ စတုတ္ထမြောက်အကြီးဆုံး တခုတည်းသော ဈေးကွက်ဖြစ်လာဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဆီယံဒေသဟာ ကမ္ဘာပေါ်မှာ တတိယမြောက် လုပ်သားအင်အားအများဆုံး ဖြစ်ပြီး ကြီးမားတဲ့ လုပ်သားဈေးကွက် ရှိနေတာဟာလည်း ဒေသအတွက် ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု ပိုရလာဖို့ အခွင့်အလမ်းတရပ် ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

အာဆီယံဟာ ဒီနေ့အချိန်အခါမှာ သမားရိုးကျနဲ့ သမားရိုးကျ မဟုတ်တဲ့ စိန်ခေါ်မှု အများကြီးကို ကြုံနေရတယ်လို့ ဆိုပါတယ်။

ဒါတွေကတော့ အားလုံးနဲ့ သက်ဆိုင်တဲ့ နိုင်ငံဖြတ်ကျော် မှုခင်းတွေနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ၊ ဆိုက်ဘာလုံခြုံရေး၊ ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ အစားအစာနဲ့ စွမ်းအင်ဖူလုံရေး စတာတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ပြီးတော့ အာဆီယံရဲ့ ပညာရေး၊ ကျန်းမာရေး စတာတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေကတဆင့် ပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်း မြင့်လာဆောင် ဆောင်ရွက်နေတယ်လို့လည်း သမ္မတ ဦးဝင်းမြင့်က ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013