DVB Logo
Home
မြန်မာသတင်း
ရေကန်အတွင်း ရေခပ်သူများကို တရားစွဲမှု ရပ်ကွက်နေသူများ ဆန္ဒပြ
DVB
·
August 3, 2018
ရေကန်အတွင်း ရေခပ်သူများကို တရားစွဲမှု ရပ်ကွက်နေသူများ ဆန္ဒပြ
Donate to DVB

ဇီးကုန်းမြို့နယ်မှာ ရေကန်အတွင်း ရေခပ်သူတွေအား တရားစွဲတာကို  ရပ်ကွက်ပြည်သူတွေက မကျေနပ်လို့ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ဇီးကုန်းမြို့နယ် အမှတ်(၁) ရပ်ကွက်အတွင်း ၁၉၆၄ ခုနှစ်မှာ ဆန်စက်ပိုင်ရှင်က အများပြည်သူ သောက်သုံးဖို့ လှူဒါန်းခဲ့တဲ့ သောက်သုံးရေကန်ကို တဦးတည်းပိုင် ကန်အဖြစ် ခြံစည်းရိုးခတ်တာတွေ၊ ရေကန်အတွင်း ရေခပ်သူတွေနဲ့ အလှူရှင်မိသားစုဝင်တဦးကို တရားစွဲတာကြောင့် ရပ်ကွက်နေပြည်သူ ၁ဝဝ ကျော်က ဆန္ဒထုက်ဖော်ခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖော်ရာမှာ ဦးဆောင်သူ ဦးမြင့်သိန်းက “ဒီရေကန်ကို ၁၉၆၄ ခုနှစ်က အရင်ဆန်စက်ပိုင်ရှင် ဦးစိန်ထွန်းက ရပ်ကွက်ကို လှူဒါန်းခဲ့တာပါ။ နောက် သူတို့ဆန်စက်နဲ့ ခြံကို အရောင်းအဝယ် ပြုလုပ်တဲ့နေရာမှာ ကန်မပါခဲ့ပါဘူး။ ဒါကို အခုဆန်စက်ပိုင်ရှင် ဦးဇော်ဝမ်းက ၂ဝဝ၄ ခုနှစ်ကတခါ သူပိုင်ကန်ဆိုပြီး ဆိုင်ဘုတ်ထောင်တာတွေ ပြုလုပ်ခဲ့လို့ အုပ်ချူပ်ရေးနဲ့ အလှူရှင်က ဖြေရှင်းပေးခဲ့ပြီး အများပိုင် သောက်ရေကန်အဖြစ် ပြန်ပေးခဲ့တယ်။ အခု ၂ဝ၁၈ ခုနှစ် ၅ လပိုင်းမှာ ခြံစည်းရိုးကာတာတွေလုပ်ပြီး သူပိုင်ပါတယ်ဆိုပြီး လုပ်ပါတယ်။ ကွက်ပြည်သူတွေနဲ့ အချင်းများတယ်။ ကန်ထဲရေဆင်းခတ်တဲ့သူနဲ့ အလှူရှင်ကို တရားစွဲထားတယ်။ နိုင်ငံတော်သမ္မတအပါအဝင် ဌာဆိုင်ဆိုင် ၁၉ ခုကိုတင်ထားပါတယ်။ မြို့နယ်အုပ်ချူပ်ရေးပိုင်းက ခေါ်ယူဖြေရှင်းပေးတာ ဘက်လိုက်ပြီး တရားမျှတမှု မရှိတာကြောင့် အခုလို ဆန္ဒထုက်ဖော်တာပါ” လို့ပြောပါတယ်။

ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချူပ်ရေးမှူး ဦးညီညီအောင်က “ကန်ကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ မြို့နယ်အုပ်ချုပ်ရေးပိုင်းက အဖွဲ့တွေ ခေါ်ယူညှိနှိုင်းတာတွေ လုပ်ခဲ့တယ်။ ဒီကိစ္စက ညှိနှိုင်းဖြေရှင်းလို့ရတာကို အခုလို ဆန္ဒထုက်ဖော်တော့ မြို့အတွက်မကောင်းဘူး။ ကျနော်တို့က ညှိနှိုင်းလို့ပဲရတယ်။ ဆုံးဖြတ်ပိုင်ခွင့်တော့ မရှိပါဘူး” လို့ပြောပါတယ်။

ယခင်ခြံပိုင်ရှင်က ၁၉၆၄ ခုနှစ်က အများပြည်သူအတွက် ရေစက်ချလှူဒါန်းခဲ့ပြီး ၁၉၉၈ ခုနှစ်မှာ ဦးစံချွန် ဆိုသူကို ပြန်ရောင်းခဲ့ရာမှာ အခုလို ပိုင်ဆိုင်မှု အငြင်းပွားတာတွေ ဖြစ်ခဲ့တာပါ။

အခု သောက်သုံးရေကန်ကို ခြံစည်းရိုးခတ်ထားပြီး ကန်အတွင်း ရေခပ်သူ ၇ ဦးနဲ့ အလှူရှင်ကို ပုဒ်မ ၄၄၇/၅ဝ၆ နဲ့ တရားစွဲဆိုထားပြီး သောက်သုံးရေကန်ကို အသုံးပြုနေတဲ့ အိမ်ထောင်စု ၅ဝဝ ကျော်နဲ့ ကျောင်းသား ကျောင်းသူ ၅ဝဝ လောက်က သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်နေပြီး ရေဝယ်ယူ သုံးစွဲနေရပါတယ်။

မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013