DVB Logo
Home
မြန်မာသတင်း
လွှတ်တော်ကိုယ်စားလှယ်ခရီးစဉ် ကျောင်းသားနှင့်ဆရာများကို ကြိုဆိုခိုင်းမှုအပေါ် ဝေဖန်သူ တရားစွဲခံရ
DVB
·
July 13, 2018
လွှတ်တော်ကိုယ်စားလှယ်ခရီးစဉ် ကျောင်းသားနှင့်ဆရာများကို ကြိုဆိုခိုင်းမှုအပေါ် ဝေဖန်သူ တရားစွဲခံရ
Donate to DVB

လွှတ်တော်ကိုယ်စားလှယ်ခရီးစဉ်မှာ ကျောင်းသားနဲ့ ဆရာဆရာမတွေကို ခေါ်ပြီး ကြိုဆိုခိုင်းတာတွေ မလုပ်သင့်ကြောင်း ဝေဖန်ရေးသားသူတဦး ၆၆(ဃ) နဲ့ တရားစွဲခံထားရပါတယ်။

မြောင်းမြမြို့နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မန်းထွန်းကြိုင်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦး အပါအဝင် လွှတ်တော်ကိုယ်စားလှယ်ရုံးအဖွဲ့ရဲ့ ငါးမြင်းချောင်းကျေးရွာအုပ်စု ကွင်းကလေးကျေးရွာ ပြည်သူလူထုနဲ့ တွေ့ဆုံပွဲခရီးစဉ်မှာ ဆရာဆရာမတွေနဲ့ ကျောင်းသူကျောင်းသားတွေ ကြိုဆိုနေပြီး လက်အုပ်ချီတဲ့ပုံတွေ တက်လာပြီးတဲ့နောက် အဲဒီပုံတွေကို ကိုကောင်းထက်ဇင်က Facebook လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ရေသားခဲ့ပါတယ်။

အဲဒီရေးသားချက်ကို ဖျက်ပေးဖို့ ပြောကြားခဲ့ရာမှာ မဖျက်ပေးနိုင်ဘူးလို့ တုံ့ပြန်ခဲ့တာကြောင့် ဇူလိုင် ၁၁ ရက်နေ့က အမှုဖွင့်ခံရတာလို့ ကိုကောင်းထက်ဇင်ကပြောပါတယ်။

"ကလေးတွေစာသင်ချိန်ပြင်ပမှာ လူကြီးတွေကို ထွက်ကြိုရတဲ့ကိစ္စ အဓိက နယ်ကကလေးတွေအပေါ် စိတ်ဓာတ်ပိုင်းဆိုင်ရာ ရိုက်ချိုးသလိုဖြစ်တယ်လို့ မြင်တယ်ပေါ့နော်။ ပြီးတော့ ကလေးတွေကို ခေတ်အဆက်ဆက်အသုံးချလာတဲ့စနစ်ကို မကြိုက်လို့ ဒီအစိုးရကို ပြောင်းလဲခဲ့တယ်၊ ကိုယ်တိုင်ထမ်းတင်ပေးခဲ့တယ်။ ဒါကို သူတို့က သူတို့ကို တိုက်ခိုက်တယ်၊ စော်ကားတယ်လို့မြင်သွားတယ်။ ကျနော့်အနေနဲ့ကတော့ လိပ်ပြာသန့်ပါတယ်။ ကျနော့်အနေနဲ့ဘယ်သူ့ကိုမှ တိုက်ခိုက်တာမဟုတ်ဘူး။ ဒါကြီးကို ပြောင်းလဲစေချင်တာ၊ ပြောင်းလဲစေချင်တဲ့ ဆန္ဒပဲရှိပါတယ်" လို့ ဒီဗွီဘီကိုပြောပါတယ်။

မြောင်းမြရဲခန်းကို ဆက်သွယ်မေးမြန်းရာမှာ ဦးပြူး ဆိုသူက ၆၆(ဃ)နဲ့ အမှုလာဖွင့်တဲ့အတွက် အမှုဖွင့်လှစ်ပေးထားပြီး ကျန်တဲ့ကိစ္စတွေကတော့ တရားရုံးနဲ့ ဆက်လုပ်ရမှာလို့ ပြောပါတယ်။

တရားလိုပြုလုပ် အမှုဖွင့်လှစ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်ရုံးအဖွဲ့ဝင် ဦးပြူး (ခ) ဦးပြုံးကို အမှုဖွင့်လှစ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013