
မန်စီးတီးအသင်းရဲ့ ဂန္ထဝင်နည်းပြ ပက်ဂွါဒီယိုလာဟာ လာမဲ့တနင်္ဂနွေနေ့ အက်စတွန်ဗီလာနဲ့ ရာသီပိတ်ပွဲစဉ်အပြီးမှာ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။
အသက် ၅၅ နှစ်အရွယ် ဂွါဒီယိုလာဟာ အီတီဟတ်ကွင်းမှာ ၁၀ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် ဆုဖလား ၂၀ အထိ ရယူပေးခဲ့ကာ အသင်းကနေ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာပါ။
သူ့ရဲ့နေရာမှာ အစားထိုးဖို့အတွက် ချယ်လ်ဆီးနည်းပြဟောင်း အန်ဇိုမာရက်စကာနဲ့ ဘိုင်ယန်မြူးနစ် နည်းပြ ဗင်းဆင့်ကွန်ပနီတို့ကို ထိပ်ဆုံးက လျာထားပါတယ်။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ စနေနေ့က ချယ်လ်ဆီးကို နိုင်ပြီး FA ဖလား ရရှိခဲ့သလို အာဆင်နယ်နဲ့ လည်း ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အကြိတ်အနယ် ဖလားလုပွဲဆင်ဲနွှနေရဆဲ ဖြစ်ပါတယ်။
Photo:Reuters










