DVB Logo
Home
မြန်မာသတင်း
နေပြည်တော်ထိ ချီတက်ဆန္ဒပြရန် ကြိုးပမ်းသည့် တောင်သူများ တားဆီးခံရ
DVB
·
July 23, 2018
နေပြည်တော်ထိ ချီတက်ဆန္ဒပြရန် ကြိုးပမ်းသည့် တောင်သူများ တားဆီးခံရ
Donate to DVB

မန္တ​လေးတိုင်းဒေသကြီး၊ ပုသိမ်​ကြီးမြို့နယ်​​၊ အောင်​သ​ပြေ​ကျေးရွာက ဒေသခံ​ တောင်​သူ ၁၀၀ ​ကျော်​ဟာ မြင့်ဘိလပ်​​မြေကုမ္ပဏီ ဖျက်​သိမ်း​ပေးရေးနဲ့ မြို့နယ်​အုပ်​ချုပ်​​ရေးမှူး ဖြုတ်​ချ​ပေး​ရေး​ နေပြည်တော်အထိ ချီတက်ဆန္ဒပြဖို့ ကြိုးစားရာမှာ တားဆီးပိတ်ပင်ခံခဲ့ရပါတယ်။

ဒီကနေ့မနက်က ပုသိမ်​ကြီး မြို့ဝင်​ဆိုင်းဘုတ်​နေရာကနေ နေပြည်​​တော်​အထိ ချီတက်​​တောင်းဆိုဖို့ ရွာသားတွေ ထွက်လာရာမှာ ကြာနီကန်​ ရဲကင်း​ရှေ့မှာ တားဆီး ပိတ်​ပင်​ခံရတာကြောင့် ဒေသခံ​တောင်​သူ​တွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ရုန်းရင်းဆန်​ခတ်​ ဖြစ်​ပွားခဲ့ပါတယ်​။

ဦး​ဆောင်​ဆန္ဒပြသူ ဦး​ရွှေအုန်းက “​အောင်​သ​ပြေ​ကျေးရွာ​ တောင်​သူ​တွေအ​နေနဲ့ မြင့် ဘိလပ်​​မြေ ကုမ္ပဏီဖျက်​သိမ်း​ပေး​ရေးနဲ့ မြို့နယ်​အုပ်​ချုပ်​​ရေးမှူးကို အ​ရေးယူ​ပေးဖို့ ရတဲ့နည်းနဲ့ ​ရှေ့ဆက်​ပြီး​ ချီတက်​​တောင်းဆိုသွားမယ်​”လို့ ပြောပါတယ်​။

ပုသိမ်​ကြီး မြို့နယ်​ရဲမှူး မျိုညွန့်​သန်းက “ခွင့်ပြုချက် မပေးထားဘဲ ချီတက်လာလို့ပါ။  ပြီးတော့ ကျနော်တို့ နယ်မြေ​တွေ​ ကျော်​ဖြတ်​သွားမှာမို့လို့ မ​ပေးဘဲ တားမြစ်​ရတာဖြစ်​တယ်​”လို့ ပြောပါတယ်။

ဆန္ဒပြ ​အောင်​သ​ပြေ​ကျေးရွာက​ ဒေသခံ​တောင်​သူ​တွေဟာ တခြားလမ်းဘက်​​နေ နေပြည်တော်ထိ ဆက်​လက်​ချီတက်​ဖို့ ပြင်​ဆင်​​နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013