DVB Logo
Home
မြန်မာသတင်း
ကရင်ရိုးရာဒုံးယိမ်းအဖွဲ့ ကျောက်မီးသွေး သံချပ်စာသားကြောင့် ကပြခွင့် တားဆီးခံရ
DVB
·
November 11, 2017
ကရင်ရိုးရာဒုံးယိမ်းအဖွဲ့ ကျောက်မီးသွေး သံချပ်စာသားကြောင့် ကပြခွင့် တားဆီးခံရ
Donate to DVB

၆၂ နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာဒုံးယိမ်း ဖျော်ဖြေပွဲမှာ ကျောက်မီးသွေးသံချပ်စာသားပါဝင်ခဲ့တဲ့အတွက် ကပြခွင့် တားဆီးပိတ်ပင်ခံရတယ်လို့ ဒုံးယိမ်းတာဝန်ရှိသူ စောဂတ်လက်စ်တိုက ပြောပါတယ်။

ကရင်ရိုးရာ ဖျော်ဖြေရေး ကြောင်ကဒယ် (ဓလေ့ပျောက်မှာ စိုးကြောက်သူများအဖွဲ့) ဒုံးယိမ်းအဖွဲ့ရဲ့ သီချင်းစာသားတချို့မှာ ကျောက်မီးသွေးအကြောင်း ရေးသားထားမှုကို ဖြုတ်ချ ပြင်ဆင်ရေးသားခဲ့ပေမယ့် ပွဲအတွင်း ကပြဖျော်ဖြေခွင့်ပါ ပိတ်ပင်ခံရတဲ့အပြင် ဘယ်သူက ပိတ်ပင်ခိုင်းတယ်ဆိုတာလည်း မသိရဘူးလို့ ပြောပါတယ်။

စောဂတ်လက်စ်တိုက “ကျနော်တို့ သီချင်းကတော့ ခါတိုင်းနှစ်လိုပဲ ခုနကပြောသလိုပေါ့။ ကျနော်တို့ ဒီမှာက ဟော့အစ်ရှူးလို ဖြစ်နေတယ်။ ကျနော်တို့ အဲဒါထည့်ရင် ကောင်းမလားဆိုတော့ သီချင်းတော့စပ်ထားတယ်။ မပါဖြစ်လိုက်ဘူး။ ခါတိုင်းနှစ် အဲသီချင်းဟောင်းပဲ ပုတ်ခတ်တာတွေ ဘာတွေတော့မရှိဘူး။ ဒါပေမယ့်လို့ အစိုးရကနေပြီးတော့မှ သူတို့က အဲဟာတွေပါနိုင်တယ်။ စိုးရိမ်လို့လားမသိဘူး။ ကျနော်တို့ကို မပေးကဘူး” လို့ ပြောပါတယ်။

ပြည်နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းဥက္ကဋ္ဌ ဦးစောအေးမြက “ကျနော် ကိုယ်တိုင်ပဲ ဘာသာပြန်ပေးပါတယ်။ ကရင်လိုရေးထားတဲ့ဟာ ကျနော် ဗမာလို့ ကောင်းကောင်း ဘာသာပြန်ပေးပါတယ်။ သီချင်းကတော့ ဟိုအရင်သီချင်းပါပဲ။ ဘာ ပါမလဲဆိုတော့ ဟိုတုန်းက ဖျက် ၄ ဖျက်ခေတ်က စစ်သားတွေ ရွာနားကပ် ရွာသားတွေက ကြောက် အဲမှာ ၀က်တွေဖမ်း၊ ကြက်တွေဖမ်း အဲလောက်ထိတော့ ပါတာပေါ့ဗျာ”လို့ ပြောပါတယ်။

အဆိုပါ ကြာင်ကဒယ် ဒုံးယိမ်းအဖွဲ့ကို ဘားအံမြို့ပေါ်နဲ့ ကမော့ကစင်ရွာသစ်၊ ခလောက်နို့ကျေးရွာမှ လူကြီး၊ လူငယ် ၃၂ ဦး နဲ့ ဖွဲ့စည်းထားပြီး လွန်ခဲ့တဲ့ ၆ နှစ်ခန့်ကတည်းက ပြည်နယ်နေ့အခမ်းအနားမှာ နှစ်စဉ်ဝင်ရောက် ကပြဖြေဖျော်ခဲ့တယ်လို့ ဒုံးယိမ်းတာဝန်ရှိသူက ပြောပါတယ်။

ကရင်ရိုးရာဒုံးယိမ်း ဖျော်ဖြေရေးအစီအစဉ်၊ တာဝန်ခံ ဦးဝင်းကျော်ကျော်ကို ကြောင်ကဒယ်ဒုံးယိမ်းအဖွဲ့ ကပြခွင့်မရရှိတာနဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းရာမှာ “သီချင်းအနေနဲ့ ရိုးရာသီချင်းမထည့်တဲ့အတွက် အဲဒါလည်းဖြစ်မှာပေါ့ဗျာ။ သီချင်းကတော့ ကျနော်တို့ဆီ မတက်ဘူး။ သူတို့က ဖျော်ဖြေရေးပါ။ နှစ်စဉ်ကတယ်။ ရိုးရာဒုံးပါပဲ။ ကျနော်အနေနဲ့ ပြောလို့ မရဘူး။ စီစဉ်ဆို စီစဉ်တာပဲရှိတယ်”လို့ ပြောပါတယ်။

ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲကာလအတွင်း ကရင်ရိုးရာဖျော်ရေး ဒုံးယိမ်း ၇ ယိမ်း ညစဉ်ဖျော်ဖြေပြီး၊ ဒုံးယိမ်းအက ပြိုင်ပွဲကို ဒုံးယိမ်း ၁၆ ယိမ်းပါဝင် ယှဉ်ပြိုင်ပါတယ်။

ဆုအနေနဲ့ ပထမဆု ကျပ်သိန်း၂၀ ၊ ဒုတိယဆု ၁၈ သိန်း၊ တတိယဆု ၁၂ သိန်း၊ စတုတ္ထဆု ၈ သိန်း၊ ပဉ္စမဆု ၆ သိန်း၊ နှစ်သိမ့်ဆု ၃ သိန်းစီ ချီးမြှင့်မှာဖြစ်ပြီး ပြိုင်ပွဲဝင် ဒုံးယိမ်းတိုင်းကို ထောက်ပံ့ချီးမြှင့်ငွေ ၅ သိန်းစီ ထောက်ပံ့ပေးတယ်လို့ သိရပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013