DVB Logo
Home
မြန်မာသတင်း
စစ်ပြေးဒုက္ခသည်များကို သွားရောက်ကူညီမည့် ဖားကန့်လူမှုရေးအဖွဲ့ တားဆီးခံရ
DVB
·
August 18, 2017
စစ်ပြေးဒုက္ခသည်များကို သွားရောက်ကူညီမည့် ဖားကန့်လူမှုရေးအဖွဲ့ တားဆီးခံရ
Donate to DVB

စစ်ပြေးဒုက္ခသည်တွေကိုကူညီဖို့ သြဂုတ် ၁၇ ရက်နေ့က ဖားကန့်မြို့ကနေ ထွက်လာတဲ့ ကချင်လူမှုကူညီရေးအဖွဲ့ရဲ့ ကား ၈ စီးကို ကာမိုင်းမြို့ အ၀င်လမ်းဆုံမှာ ပူးပေါင်းစစ်ရေးဂိတ်က တားဆီးထားတယ်လို့ ကချင်လူမှုကူညီရေးအဖွဲ့က ဦးလတောင်က ပြောပါတယ်။

ကချင်ပြည်နယ်၊ နမ္မတီးမြို့နယ်၊ ကဆုန့်ရွာမှာ မြန်မာ့တပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲဖြစ်ခဲ့တာကြောင့် သြဂုတ် ၁၃ ရက်ေန့ကစပြီး ရွာသားတွေဟာ နမ္မတီးကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။

ဒီထွက်ပြေးတိမ်းရှောင်လာတဲ့ နမ္မတီး စစ်ပြေးဒုက္ခသည်တွေကိုကူညီဖို့ လှူဒါန်းပစ္စည်းအပြည့်နဲ့ လူ ၄၀ လောက်ပါလာတဲ့ ကား ၈ စီးကို စုပေါင်းစစ်ဆေးရေးဂိတ်က တားမြစ်ခဲ့ပြီး ကား ၄ စီးကိုလိုင်စင်မဲ့ကားဆိုပြီး ကာမိုင်းမြို့ရဲစခန်းမှာပ မနေ့ကတည်းက ထိန်းသိမ်းထားခဲ့တယ်လို့ ဦးလတောင်က ပြောပါတယ်။

“အခုထိ ကျနော်တို့ကို ဖြတ်လည်းမဖြတ်ခိုင်း၊ အိမ်လည်းမပြန်ခိုင်း သူတို့ တားထားဆဲပေါ့။  အဓိက ဘာကြောင့်တားလဲဆိုတာ သူလည်း တိတိပပ ဘာမှမပြောဘူး။ ပထမဦးဆုံး တားတော့ ကျနော်တို့က ပရဟိတအဖွဲ့က ပစ္စည်းသွားကူဖို့သွားတာပါလို့ ပြောလို့ သူတို့ကလည်း ဖြတ်ခိုင်းပြီ။ ဖြတ်ပြီးတော့ ကားတစီးတားထားပြီးတော့ မင်းတို့က ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့။ ၁၀ မိုင်လောက်အဝေးကြီးရောက်သွားပြီကို ပြန်ခေါက်ခိုင်းတယ်။ ပြန်ခေါက်တော့ တဦးချင်းစီရဲ့ မှတ်ပုံတင်ကို စစ်တယ်။ ကျနော်တို့အားလုံး မှတ်ပုံတင်ကိုယ်စီကိုယ်င ရှိတဲ့အခါကျတော့ ကားပြန်စစ်တာ။ ကားက ကျနော်တို့က without (လိုင်စင်မဲ့ကား) ၄ စီးပါတယ်ဗျာ။ မင်းတို့ကို without မှုနဲ့ ဖမ်းတယ်ပေါ့။ ကျနော်တို့ ဖားကန့်က သိတဲ့အတိုင်းပဲ တနေ့ကို ကားထောင်ချီဖြတ်တာ၊ ဖြတ်တဲ့ကားမှာ without မနည်းဘူး။ ကျနော်လည်းပြောတယ်။ ကျနော်တို့ ဖားကန့်မော်မှာ ကုမ္ပဏီတိုင်းလိုလိုမှာ ထရပ်ကားတွေ အကြီးကြီးသုံးတယ်လို့။ အားလုံး without ပဲလို့။ နေ့တိုင်းဖြတ်နေတဲ့ကားမှာ without ကားတွေပဲလို့ ပြန်ပြောတော့ ကျနော်တို့ကြောင့် without ကားတွေကို ဖမ်းပေမယ့် အဲဒါတွေကို ပြန်လွှတ်လိုက်ပြီးတော့ ကျနော်တို့ကားကိုပဲဖမ်းတာ။”

လက်ရှိမှာလည်း လိုင်စင်မဲ့ကားဆိုပြီး တားဆီးထားကာ ကာမိုင်းရဲတပ်ဖွဲ့ကလည်း တရားစွဲမယ်လို့ ပြောဆိုနေသလို သူတိုအ့ဖွဲ့အနေနဲ့လည်း ပြန်တရားစွဲမယ်လို့ ဖြေဆိုခဲ့ကြောင်း ပြောပါတယ်။

“တရားစွဲဖို့ဆိုပြီးတော့ မနေ့က စခန်းမှူးလည်း ကျနော့်ကို ပြောထားပါတယ်။ ကျနော်ကလည်း စွဲပါလို့။ ဘာနဲ့စွဲမလဲတော့မသိဘူး။ အခုနကပြောတဲ့ without ကားကို အကြောင်းပြုပြီး စွဲမယ်နဲ့တူတယ်။ ကျနော်တို့ကလည်း ခင်ဗျားတို့ ဒီခွဲခြားဆက်ဆံတဲ့ ပုဒ်မ ကျနော်တို့ရှာမယ်၊ အဲဒီကိစ္စနဲ့ ကျနော်တို့စွဲမယ်လို့ အဲလိုပြောထားတယ်။ အထက်က အမိန့်ဆိုပြီးပြောတယ်။ အဲဒီအထက်က အမိန့်ဆိုတဲ့ စာတန်းလည်း ကျနော်တို့ကိုပြ၊ ကျနော်တို့ကို အဲဒါမပြလို့ရှိရင် ခင်များတို့လည်း ကျနော်တို့ပြန်စွဲမယ်ဆိုပြီး အဲလိုပြောထားတယ်။”

ကချင်လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (ဖားကန့်) အဖွဲ့ဟာ ကဆုန့်စစ်ဘေးသင့်ပြည်သူတွေကို သွားရောက်လှူဒါန်းဖို့ အကူညီပစ္စည်းတွေနဲ့အတူ မနေ့နက်ပိုင်းက ဖားကန့်ကနေ ထွက်ခွာခဲ့တာဖြစ်ပြီး ကားမိုင်းမြို့အ၀င် မအူပင်စုပေါင်းဂိတ်မှာ တားဆီးခံခဲ့ရတာဖြစ်ပါတယ်။

ဒီကား၈စီးပေါ်မှာ စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆပ်ပြာ၊ အဝတ်အထည်တွေ နဲ့ ဖားကန့်ကလှူလိုက်တဲ့ ပစ္စည်းတွေပါလာတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013