DVB Logo
Home
မြန်မာသတင်း
ဝန်ထမ်းများကို လုံလောက်သည့်လစာနှင့်အဆောင်အယောင်ပေးနိုင်ရန် စီစဉ်မည်ဟု အတိုင်ပင်ခံပြော
DVB
·
July 21, 2018
ဝန်ထမ်းများကို လုံလောက်သည့်လစာနှင့်အဆောင်အယောင်ပေးနိုင်ရန် စီစဉ်မည်ဟု အတိုင်ပင်ခံပြော
Donate to DVB

ဝန်ထမ်းတွေကို လုံလောက်တဲ့လစာနဲ့ အဆောင်အယောင်တွေ ပေးနိုင်ဖို့ စီစဉ်ရမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မနေ့က ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်မှာ ဌာနဆိုင်ရာတွေနဲ့ တွေ့ဆုံတုန်း ပြောကြားခဲ့တာပါ။

ပီတိစားလို့ ဝ တယ်ဆိုတဲ့ စကားရပ်ကို သူ့အနေနဲ့ ယုံကြည်မှုမရှိဘဲ ဝန်ထမ်းတွေကို လုံလောက်တဲ့ လစာ၊ လုံလောက်တဲ့ အဆောင်အယောင်တွေ ပေးနိုင်ဖို့ စီစဉ်ရမယ်လို့ ဆိုပါတယ်။

လိုအပ်ချက်ကို နေ့ချင်း၊ ညချင်း မဖြည့်ဆည်းပေးနိုင်ပေမယ့်လည်း တဆင့်ချင်း ဖြည့်ဆည်း ပေးသွားမယ်လို့လည်း ပြောပါတယ်။

ဝန်ထမ်းတွေအနေနဲ့ ပြည်သူကို အမှန်တကယ် စေတနာထား လုပ်ဆောင်မယ်ဆိုရင် နိုင်ငံဟာ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးရင်လည်း ဝန်ထမ်းတွေဘဝ တိုးတက်မှာဖြစ်လို့ အားလုံးပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

ပြီးတော့ ပြည်သူတွေနဲ့ ထိတွေ့နေတဲ့ အောက်ခြေက အုပ်ချုပ်ရေးဆိုင်ရာ ဝန်ထမ်း အများအပြားရှိတာကြောင့် အုပ်ချုပ်ရေးဆိုင်ရာ ဝန်ထမ်းတွေ သန့်ရှင်းမှသာ ပြည်သူတွေအနေနဲ့ အဂတိလိုက်စားမှု သံသယမရှိမှ နိုင်ငံဟာ သိက္ခာရှိတဲ့ နိုင်ငံ၊ တိုးတက်တဲ့ နိုင်ငံ ဖြစ်မယ်လို့ ပြောပါတယ်။

အစိုးရအဖွဲ့မှာ ပါဝင်သူတွေကို အရေးယူဖို့ လွယ်ပေမယ့် အောက်ခြေမှာရှိတဲ့ များပြားလှတဲ့ အုပ်ချုပ်ရေးဆိုင်ရာအရာရှိတွေ၊ ဝန်ထမ်းတွေကို အရေးယူဖို့ လွယ်ကူမှာ မဟုတ်တာကြောင့် မိမိကိုယ်ကိုယ် ထိန်းသိမ်းဖို့လိုတယ်လို့လည်း ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့လည်း အုပ်ချုပ်ရေးပိုင်းဆိုင်ရာနဲ့ ပြည်သူတွေအကြားမှာ ပေါင်းကူးတံတားအဖြစ် ဆက်သွယ်ပေးရမှာ ဖြစ်ပြီး အောက်ခြေမှာ ရှိတဲ့ ပြည်သူလူထုအခြေအနေနဲ့ အမြင်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေက မတင်ပြရင် အုပ်ချုပ်ရေးပိုင်းအနေနဲ့ ပြည့်ပြည့်ဝဝ သိနိုင်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေက တင်ပြပေမယ့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာက အကောင်အထည်မဖော်ရင် အထစ်အငေါ့တွေ ဖြစ်လာနိုင်ပြီး ပူးပေါင်းဆောင်ရွက်တာကို အလေးထားရမယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013