
အစ္စရေးနိုင်ငံ မြောက်ပိုင်းမြို့ ဟိုင်ဖာရဲ့ ရေနံချက်စက်ရုံတွေက စက်မှုလုပ်ငန်း အဆောက်အအုံတခုနဲ့ လောင်စာဆီတင်ယာဉ်တစင်းကို ကြားဖြတ် ပစ်ချခံ ဒုံးကျည်ရဲ့ အပျက်အစီးတွေ ထိမှန်ခဲ့တယ်လို့ အစ္စရေးမီးသတ်နဲ့ ကယ်ဆယ်ရေးဌာနက မတ် ၃၀ ရက်မှာ ပြောပါတယ်။
အခင်းဖြစ်နေရာက ဗီဒီယိုမှတ်တမ်းထဲမှာ ရေနံချက်စက်ရုံဝင်းထဲကနေ မီးတောက်တွေနဲ့ မီးခိုးတွေ ထူထူထပ်ထပ် ထွက်လာတာကို ပြသထားပါတယ်။
လမ်းအမှတ်အသားတွေ၊ အပြင်အဆင်တွေနဲ့ ဂြိုဟ်တုပုံရိပ်တွေ ကိုက်ညီနေလို့ တည်နေရာကို အတည်ပြုခဲ့ပါတယ်။ ဗီဒီယိုတွေ ရိုက်ကူးခဲ့တဲ့ ရက်စွဲကို မူရင်းဖိုင် metadata နဲ့ အတည်ပြုခဲ့ပါတယ်။
ဒုံးကျည်ကို အီရန်နိုင်ငံကနေ ပစ်ခဲ့တာလား ဒါမှမဟုတ် အီရန်ကျောထောက်နောက်ခံပြုထားတဲ့ လက်ဘနွန်နိုင်ငံထဲက ဟစ်ဇ်ဘိုလာစစ်သွေးကြွတွေက ပစ်ခဲ့တာလား ဆိုတာကို ချက်ချင်းမသိရသေးပါဘူး။
စက်ရုံဝင်းအထဲက ဓာတ်ဆီသိုလှောင်ကန်တခုကို တိုက်ရိုက်ထိမှန်ခဲ့ပြီး အနီးနားက အဆောက်အအုံတခုရဲ့ အမိုးကနေ မီးခိုးထူတွေ ထွက်ပေါ်လာခဲ့တယ်လို့လည်း မီးသတ်ဌာနက ပြောပါတယ်။
ထုတ်လုပ်ရေးစက်ရုံတွေ မပျက်စီးဘဲ လောင်စာဆီ အထောက်အပံ့ကိုလည်း ထိခိုက်မှာ မဟုတ်ဘူးလို့ အစ္စရေး စွမ်းအင်ဝန်ကြီး အီလိုင် ကိုဟင်က ပြောခဲ့ပါတယ်။
Source: Reuters










