DVB Logo
Home
မြန်မာသတင်း
သမ္မတ မိန့်ခွန်းနှင့် အတိုင်ပင်ခံ ညွှန်ကြားချက်အား မုံရွာတွင် တောင်သူများ ထောက်ခံကြိုဆို
DVB
·
July 13, 2018
သမ္မတ မိန့်ခွန်းနှင့် အတိုင်ပင်ခံ ညွှန်ကြားချက်အား မုံရွာတွင် တောင်သူများ ထောက်ခံကြိုဆို
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာတွေက လယ်ယာမြေ သိမ်းဆည်းခံ တောင်သူတွေ စုပေါင်းကာ နိုင်ငံတော်သမ္မတ မိန့်ခွန်းနဲ့  နိုင်ငံတော်အတိုင်ပင်ခံရဲ့ ညွှန်ကြားချက်တွေအပေါ် ထောက်ခံကြိုဆိုပွဲကို ဇူလိုင် ၁၃ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။

ထောက်ခံကြိုဆိုပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံရဲ့ ညွှန်ကြားချက် ၄ ချက် အပါအဝင် လယ်ယာမြေနဲ့ တခြားမြေတွေ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီရဲ့ မူဝါဒနဲ့ လုပ်ငန်းစဉ် ၅၂ ချက်ကို ထောက်ခံခဲ့ကြတာပါ။

“အခု ပြုလုပ်တာက မုံရွာမြို့နယ်အတွင်းရော ချောင်းဦးဘက်ကပါ မြေသိမ်းခံရတဲ့သူတွေ စုပေါင်းပြုလုပ်တာပါ။ ထောက်ခံတယ် ဆိုတာကလည်း ဒီညွှန်ကြားချက်တွေနဲ့ မူဝါဒတွေဟာ လယ်မြေ သိမ်းဆည်းခံ တောင်သူတွေအတွက် များစွာ အထောက်အကူ ဖြစ်စေလို့ပါပဲ။ တောင်သူတွေအတွက် အားလည်း ဖြစ်စေတယ်”လို့ ထောက်ခံပွဲမှာ ပါဝင်သူ ရွှေဇလုပ်ရပ်ကွက်နေ ဦးအောင်ကြည်က ပြောပါတယ်။

ထောက်ခံပွဲမှာ မုံရွာမြို့နယ်တွင်းက ဇလုပ်၊ အိုးဘိုတောင်၊ နတ်လူထိပ်ပံရပ်ကွက်ရှိ မြေသိမ်းဆည်းခံ တောင်သူတွေ အပါအဝင် ချောင်းဦးမြို့နယ်ဘက်က မြေသိမ်းခံ တောင်သူ တချို့လည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။

ထောက်ခံကြိုဆိုပွဲကို မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီး ဘောလုံးကွင်းမှ စတင်ကာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဗိုလ်ချုပ်လမ်းနဲ့ ရုံးကြီးလမ်းတွေမှာ တောင်သူအင်အား ၁ဝဝ ခန့် စီတန်းလှည့်လည်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013