DVB Logo
Home
မြန်မာသတင်း
ထားဝယ်တွင် ၂ ရက်ဆက်တိုက် မိုးရေချိန် စံချိန်သစ်တင်ရွာသွန်း
DVB
·
September 28, 2026
Photo : Saine Moh Moh
Photo : Saine Moh Moh
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ နှစ်ပေါင်း ၃၀ လောက်ကရှိခဲ့တဲ့ မိုးရေချိန်စံချိန်ကို ထပ်ချိုးလိုက်ပြီလို့ မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။

ထားဝယ်မြို့ရဲ့ စက်တင်ဘာ မိုးရေချိန်စံချိန်ဟောင်းဟာ ၁၉၉၈ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်နေ့က ရွာသွန်းခဲ့တဲ့ ၂၄၆ မီလီမီတာ (၉ ဒသမ ၆၈ လက်မ) ဖြစ်ပါတယ်။ ဒါဟာ စခန်းဖွင့်တဲ့နှစ်ကစပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ အတွင်း တင်နိုင်တဲ့စံချိန်လို့ ဖော်ပြထားပါတယ်။

အဲဒီစံချိန်ကို စက်တင်ဘာ ၂၇ ရက် မနေ့က ၂၈၀ မီလီမီတာ (၁၁ ဒသမ ၀၂) ရွာသွန်းတဲ့ မိုးက ချိုးဖျက်စံချိန်သစ်တင်လိုက်တာပါ။ အဲဒီနောက် စက်တင်ဘာ ၂၈ ရက် ဒီနေ့မှာလည်း ၃၄၆ မီလီမီတာ (၁၃ ဒသမ ၆၂ လက်မ) ရွာသွန်းတာကြောင့် မနေ့ကစံချိန်ကို ချိုးဖျက်ပြီး စံချိန်သစ် ထပ်တင်လိုက်တာ ဖြစ်ပါတယ်။

ထားဝယ်ဒေသမှာ မိုးအင်မတန်များနေပြီး ထားဝယ်၊ လောင်းလုံးနဲ့ သရက်ချောင်းမြို့နယ်တို့မှာ ရေကြီးရေလျှံတာနဲ့ မြေပြိုတာတို့ကြောင့် လူသေဆုံးတဲ့အထိ ကြုံနေရပါတယ်။

နေပြည်တော်၊ ဧလာ၊ စစ်ကိုင်းနဲ့ လားရှိုးမြို့တို့မှာလည်း မနေ့က စက်တင်ဘာလရဲ့ အပူချိန်စံချိန်သစ်တွေ တင်ခဲ့ပါတယ်။

ဧလာမှာ ၃၆ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်နဲ့ ၂၀၁၈ ခုနှစ်က စံချိန်ကို၊ စစ်ကိုင်းမှာ ၃၈ ဒသမ ၉ ဒီဂရီဆဲလ်စီးယပ်နဲ့ ၂၀၂၀ ခုနှစ်က စံချိန်ကို၊ ၃၅ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်နဲ့ ၂၀၀၆ ခုနှစ်က စံချိန်ကို ချိုးပြီး စံချိန်သစ်တင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013