DVB Logo
Home
မြန်မာသတင်း
SME လုပ်ငန်းများအတွက် စီးပွားရေးဘဏ် ငွေမချေးပေး၊ ဆက်ကြိုးပမ်းမည်ဟု ၀န်ကြီးချုပ်ပြော
DVB
·
July 7, 2018
SME လုပ်ငန်းများအတွက် စီးပွားရေးဘဏ် ငွေမချေးပေး၊ ဆက်ကြိုးပမ်းမည်ဟု ၀န်ကြီးချုပ်ပြော
Donate to DVB

အသေးစားနဲ့ အလတ်စားလုပ်ငန်း (SME) တွေအတွက် အစိုးရ စီးပွားရေးဘဏ်က ငွေမချေးနိုင်တာကြောင့် တိုင်း အစိုးရအနေနဲ့ ဆက်လက်ကြိုးစားမယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

မနေ့က ကုန်သည် စက်မှု အသင်းချုပ်မှာ လုပ်တဲ့ ဒုတိယ သမ္မတ ၁ နဲ့ ပုဂ္ဂလိက ကဏ္ဍ ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲမှာ ပြောခဲ့တာပါ။

အက်စ်အမ်အီး ကဏ္ဍနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးရဲ့အပ်ငွေ အေဂျင်စီတခုကို ပိုအလုပ် လုပ်နိုင်ပြီး ထိရောက်မှုရှိအောင် ကြိုးပမ်းဆောင်ရွက်မယ်လို့ သူက ပြောတာပါ။

“ကျနော်တို့ ရန်ကုန်တိုင်းမှာ အက်စ်အမ်အီး နဲ့ပတ်သက်ပြီး ချေးငွေပေးနိုင်ဖို့ ကိစ္စရပ်တွေနဲ့ ဒီ MEP နဲ့ မြန်မာ့စီးပွားရေးဘဏ်နဲ့ ဆောင်ရွက်တဲ့နေရာမှာ အခက်အခဲ ကြုံပါတယ်။ ဒါကြောင့်မို့ အက်စ်အမ်အီး ကဏ္ဍနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးရဲ့အပ်ငွေ အေဂျင်စီတခုကို ပိုပြီးအလုပ်လုပ်နိုင်ပြီး ထိရောက်မှု ရှိအောင် ကြိုးပမ်းဆောင်ရွက်ဖို့ရှိပါတယ်။ ဒီနေရာမှာ ချေးငွေကိုရမှသာလျှင် လုပ်ငန်းရှင်တွေ လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် လုပ်ငန်းရှင် အသေးစား၊ အလတ်စားတွေ လည်ပတ်နိုင်ဖို့ ကလည်း စနစ်တခုရှိမှ ချေးငွေက ပေးနိုင်တဲ့ အခြေအနေတခုဖြစ်ပါတယ်။ ဒါကြောင့် စနစ်နဲ့ ချေးငွေကို တပြိုင်နက်ထဲ ပုံဖော်လာနိုင်ဖို့ အတွက်လည်း ကျနော်တို့ ရန်ကုန်တိုင်းအတွင်းမှာ ထပ်မံကြိုးစားဖို့ ပြင်ဆင်နေပါတယ်” လို့ ပြောပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေအပေါ် ရုန်းကန်ဆောင်ရွက်မှုတွေထဲကမှ ပုဂ္ဂလိက ကဏ္ဍဟာ အလွန်အင်မတန် အရေးကြီးတယ်လို့လည်း သူက ဆိုပါတယ်။

ဒါ့အပြင် လက်ရှိအစိုးရလက်ထက် အထည်ချုပ်ကဏ္ဍမှာ စက်ရုံ ၂ဝဝ ကျော် လောက်ကနေ အခု စက်ရုံ ၆ဝဝ ဝန်းကျင်လောက် ဖြစ်လာခဲ့တယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

ဒုတိယသမ္မတ ၁ ဦးမြင့်ဆွေကလည်း အသေးစား အလတ်စားလုပ်ငန်းတွေရဲ့ နိုင်ငံတွင်းမှာ ရှိတဲ့ လုပ်ငန်းတွေရဲ့ ၉၉ ရာခိုင်နှုန်း ရှိနေပြီး ဒါနဲ့ပတ်သက်လို့ အထူးအဖွဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်မယ့် အနေအထားရှိတယ်လို့ တွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013