
စပါးအသင်းဟာ နယူးကာဆယ်အသင်းရဲ့ ကွင်းလယ်လူ ဆန်ဒရို တိုနာလီကို ပေါင်သန်း ၁၀၀ အထိ ရှိမဲ့ တန်ကြေးနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပါတယ်။
စပါးဟာ အစောပိုင်းက ပေါင် သန်း ၈၀ နဲ့ ကမ်းလှမ်းခဲ့တာကို ငြင်းပယ်ခံခဲ့ရတာပါ။ အခုတော့ အခြေခံပြောင်းရွှေ့ကြေး ပေါင် ၉၂ ဒသမ ၅ သန်းအပြင် အပိုဆုကြေး ပေါင် ၇ ဒသမ ၅ သန်း ပေးချေသွားမှာ ဖြစ်ပါတယ်။
ဒါဟာ စပါးအသင်းအတွက် တပတ်အတွင်း ဒုတိယအကြိမ်မြောက် စံချိန်တင် ပြောင်းရွှေ့ကြေး လည်း ဖြစ်ပါတယ်။
အသက် ၂၆ နှစ်အရွယ် တိုနာလီဟာ နယူးကာဆယ်ကို ရောက်ပြီးနောက် လောင်းကစားစည်းကမ်း ချိုးဖောက်မှုကြောင့် ၁၀ လ ပွဲပယ်ပြစ်ဒဏ် ခံခဲ့ရဖူးပါတယ်။
ဒါပေမဲ့ သူဟာ ပြစ်ဒဏ်ကနေ ပြန်လာပြီးနောက် အသင်းကို ၂၀၂၅ ကာရာဘောင်ဖလား ရရှိအောင် ကူညီပေးခဲ့ပါတယ်။
နည်းပြ ဒီဇာဘီကတော့ တိုနာလီကို ဆက်ဆူအိုလိုအသင်းမှာ နည်းပြစဉ်ကတည်းက သဘောကျခဲ့ တာပါ။
အခုလို ကစားသမားသစ်တွေ ခေါ်ယူပြီး သူ့ရဲ့ အိပ်မက်အသင်းကို တည်ဆောက်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
Photo:Reuters











