DVB Logo
Home
မြန်မာသတင်း
မြဝတီမြို့တွင် တရားမဝင် ဝင်လာသည့် ထိုင်းနိုင်ငံသား ၁ ဦးကို ဖမ်းဆီး
DVB
·
June 30, 2018
မြဝတီမြို့တွင် တရားမဝင် ဝင်လာသည့် ထိုင်းနိုင်ငံသား ၁ ဦးကို ဖမ်းဆီး
Donate to DVB

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ တရားမဝင် ဝင်ရောက်လာတဲ့ ထိုင်းနိုင်ငံသား ၁ ဦး ကို ဖမ်းဆီးရမိပြီး အမှုဖွင့် စစ်ဆေးနေတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

ဇွန်လ ၂၈ ရက် ညနေက မြဝတီမြို့မှာ မြဝတီခရိုင်ရဲတပ်ဖွဲ့ဝင်တွေဟာ မြဝတီမြို့ပေါ် ရပ်ကွက်တွေအတွင်း နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် ၄ ရပ်ကွက် ပြည်သာယာ ၃ လမ်းထိပ်တွင် ထိုင်းနိုင်ငံသား Mr.Chalocmphon Seebua (၃ဝ)နှစ်အား အထောက်အထားမပါကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ဆေးမေးမြန်းချက်အရ Mr.Chalocmphon Seebuaသည် ဇွန် ၂၇ ရက် ည ၁၁ နာရီလောက်မှာ ထိုင်းနိုင်ငံ မဲဆောက်မြို့မှတဆင့် မြဝတီမြို့အတွင်း တရားမဝင်လမ်းကြောင်းကနေ အထောက်အထားမပါဘဲ ဝင်ရောက်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံသား Mr.Chalocmphon Seebua (ဖမ်းမိ) အား မြဝတီမြို့မရဲစခန်းက (ပ)၅၆ဝ/၂ဝ၁၈ လဝကအက် ၁၃(၁) နဲ့ အမှုဖွင့်စစ်ဆေးနေကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013