DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ရုံးခွဲ မြဝတီတွင် ဖွင့်လှစ်
DVB
·
May 25, 2018
ရွေးကောက်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ရုံးခွဲ မြဝတီတွင် ဖွင့်လှစ်
1 / 2
Donate to DVB

ကရင်နိုင်ငံရေးပါတီ လေးပါတီ ပေါင်းစည်းထူထောင်ထားတဲ့  ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ ရုံးခွဲကို မြန်မာ-ထိုင်းနယ်စပ်၊  မြဝတီမြို့ အမှတ် (၅) ရပ်ကွက်မှာ မနေ့က ဖွင့်လှစ်လိုက်ပါတယ်။

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ်တွေ အနိုင်ရပြီး လွှတ်တော်ထဲ ဝင်ရောက်စကားပြောနိုင်ဖို့နဲ့ မြေယာပြဿနာ အပါအ၀င် ပြည်သူတွေရဲ့ လိုလားချက်တွေကို ဆောင်ရွက်ပေးဖို့ ဖြစ်တယ်လို့ မြ၀တီမြို့နယ် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအေးမြိုင်က ပြောပါတယ်။

“ကျနော်ကိုယ်တိုင်ကလည်း ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ ပြည်သူအတွက်၊ တိုင်းပြည်အတွက်၊ ပြည်သူ့အကျိုး၊ တိုင်းပြည်အကျိုး၊ အဓိကကတော့ ဆင်းရဲနွမ်းပါးနေတဲ့ ကျနော်တို့ ကရင် ပြည်သူလူထုအကျိုးကို ဆောင်ရွက်မှာဖြစ်တဲ့အတွက် ကျနော်တို့ ဒီပါတီ၊ ဒီဆိုင်းဘုတ်၊ ဒီရုံးကို ဖွင့်ရတာဖြစ်ပါတယ်။ ”

ဖွင့်ပွဲမှာ ကရင်အမျိုးသားဒီမိုကရက်တစ် ပါတီဝင်တွေနဲ့ အခြားပါတီတွေက ကိုယ်စားလှယ်တွေနဲ့ ဒေသခံ ကရင်တိုင်းရင်းသားတွေ တက်ရောက်ခဲ့ကြပါတယ်။

၂၀၁၀နဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေမှာ မဲရှုံးခဲ့တဲ့အတွက် ကရင်ပါတီတွေ ပူးပေါင်းကာ ပါတီတခုတည်းအဖြစ် ပြန်လည်ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီး မကြာသေးခင်ကမှ ပါတီရုံးကို ဘားအံမြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဒု-ဥက္ကဋ္ဌက “ကရင်ပြည်နယ်မှာ ကရင် အမည်ခံပြီးတော့ ကျနော်တို့က ပါတီ လေးပါတီ ရှိတာပေါ့။ အားလုံး လာမယ့် ၂၀၂၀ မှာ ကရင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ကျနော်တို့ တိုင်းရင်းသားတွေရော၊ ပြည်တွေအရေး ကိစ္စတွေကို ကျနော်တို့ ထဲထဲဝင်ဝင် ဆောင်ရွက်ချင်လို့ ကျနော်တို့ ကရင် လေးပါတီ ပေါင်းပြီး KNDP ဆိုပြီး တပါတီတည်းအဖြစ် ဖွဲ့လိုက်တယ်” ပြောပါတယ်။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီကို ကရင်ပါတီ လေးပါတီနဲ့ ၂၀၁၈ ခုနှစ်မှာ ပူးပေါင်းဖွဲ့စည်းနိုင်ခဲ့ပြီး ကရင်ပြည်နယ်ရှိ ၇ မြို့နယ်စလုံးမှာ ရုံးခွဲတွေ ဖွင့်လှစ်သွားဖို့ အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013