DVB Logo
Home
မြန်မာသတင်း
ဟင်္သာတတွင် အုပ်ချုပ်ရေးမှူးက သင်္ကြန်ယိမ်းအဖွဲ့များအတွက် လုပ်ငန်းရှင်များထံမှ ငွေကောက်နေ
DVB
·
April 6, 2026
၂၀၂၃ခုနစ် ဟင်္သာတမြို့ပေါ် သင်္ကြန်ပုံရိပ်များ။ (Photo:  မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတဦး)
၂၀၂၃ခုနစ် ဟင်္သာတမြို့ပေါ် သင်္ကြန်ပုံရိပ်များ။ (Photo:  မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတဦး)
Donate to DVB

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက သင်္ကြန်ယိမ်းအကအဖွဲ့တွေကို ထောက်ပံ့ဖို့ဆိုပြီး လုပ်ငန်းရှင်တွေဆီက ငွေကောက်ယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီလ ပထမအပတ်ကစတင်ပြီး စစ်ကောင်စီခန့်မြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ လမ်းညွှန်ချက်နဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက စီးပွားရေးလုပ်ငန်းရှင်တယောက်ကို ကျပ် ၅ သိန်းစီ သင်္ကြန်ကာလအတွင်း ဖျော်ဖြေမဲ့ ယိမ်းအကအဖွဲ့တွေကို ထောက်ပံ့ပေးဖို့လို့ ခေါ်ဆိုကာ ကောက်နေတာလို့ ဆိုပါတယ်။ 

ဟင်္သာတမြို့နယ်က စားသောက်ဆိုင်လုပ်ငန်းရှင်တယောက်က “စာရင်းနဲ့တကွ ကောက်ယူနေတာ။ စီးပွားရေးလုပ်ငန်းရှင်တယောက် ကျပ် ၅ သိန်း သတ်မှတ်ကောက်တာ။ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အကူအညီ လိုအပ်တယ်ပေါ့နော်။ ကျပ် ၃ သိန်းလောက် မရဘူးလား ဆိုတော့ သတ်မှတ်ထားတာက ၅ သိန်းလို့ ပြောတာ” လို့ ပြောပါတယ်။

စစ်ကောင်စီခန့် မြို့နယ်အုပ်ချုပ်ရေးမှူးက KTV လုပ်ငန်းရှင်တွေ အရက်၊ ဘီယာ ရောင်းချတဲ့ လုပ်ငန်းရှင်တွေ စပါး၊ ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်တွေ၊ စားသောက်ကုန်နဲ့ စက်သုံးဆီ လုပ်ငန်းရှင်တွေ၊ ရွှေဆိုင်လုပ်ငန်းရှင်တွေ စတဲ့လုပ်ငန်းရှင်တွေဆီက ကောက်ယူနေတာလို့ သိရပါတယ်။

ဟင်္သာတမြို့နယ်က ဆန်၊ စပါး ရောင်းဝယ်ရေလုပ်ငန်းရှင်တယောက်က “ကျမတို့တော့ လှည့်မလာသေးဘူး။ လာမယ်လို့တော့ သိထားရတယ်။ KTV သမားတွေ၊ အရက်၊ ဘီယာသမားတွေဆီက ငွေကောက်တာကိစ္စမရှိပေမဲ့ ကျမတို့ စပါးရောင်းဝယ်ရေးသမားတွေက အရင်လို အလုပ် မဖြစ်ဘူး” လို့ ပြောပါတယ်။

ဟင်္သာတမြို့နယ်မှာ သင်္ကြန်ယိမ်းအကအဖွဲ့တွေကို ထောက်ပံ့ဖို့ငွေကို စစ်ကောင်စီခန့် မြို့နယ်အုပ်ချုပ်ရေးမှူးက တိုက်ရိုက်ငွေကောက်ယူတာ မဟုတ်ဘဲ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ကောက်ခိုင်းတာဖြစ်ပြီး ငွေကောက်တဲ့ကိစ္စ အပြင်မပေါက်ကြားဖို့ လုပ်ငန်းရှင်တွေကို ဖိအားပေး နှုတ်ပိတ်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဟင်္သာတမြို့နယ်မှာ သင်္ကြန်ပွဲကျင်းပဖို့ ဗဟိုမဏ္ဍပ် အပါအဝင် မဏ္ဍပ်တွေကို မတ်လ စတုထ္တအပတ်က စတင်တည် ဆောက်နေတာ တွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013