DVB Logo
Home
မြန်မာသတင်း
သမီးရည်းစား အဆင်မပြေဖြစ်ရာမှ အမျိုးသားတဦး ကိုယ့်ကိုယ်ကိုယ် မီးရှို့
DVB
·
June 22, 2018
သမီးရည်းစား အဆင်မပြေဖြစ်ရာမှ အမျိုးသားတဦး ကိုယ့်ကိုယ်ကိုယ် မီးရှို့
Donate to DVB

အမရပူရမြို့နယ်မှာ သမီးရည်းစား စကားပြောရာမှ အဆင်မပြေဖြစ်ပြီး အမျိုးသားတဦး ကိုယ့်ကိုယ်ကိုယ် ဓာတ်ဆီလောင်းမီးရှို့မှု ဖြစ်ပွားခဲ့ပါတယ်။

ဇွန် ၁၉ ရက်နေ့ ည ၉ နာရီလောက်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်မှာ ညီညီအောင် (၃၄) နှစ်ဟာ သမီးရည်းစားဖြစ်သူနဲ့ လူမှုရေးကိစ္စပြောဆိုရာမှ အဆင်မပြေဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့တာလို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဆိုင်ကယ်မှာ အသင့်ပါလာတဲ့ ဓာတ်ဆီဘူး ၃ ဘူးအား ကိုယ်ပေါ် လောင်းချမီးရှို့ခဲ့တာကြောင့် အနီးပတ်ဝန်းကျင်ရှိ လူတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညီညီအောင်ရဲ့ ခန္ဓာကိုယ်အနှံ့ မီးလောင်ဒဏ်ရာရရှိခဲ့ပြီး မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကုသခဲ့တယ်လို့ ဆိုပါတယ်။

ညီညီအောင်ကို အမရပူရမြို့မရဲစခန်းက (ပ)၂၂၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၉ နဲ့ အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013