
အီရန်ဟာ လက်တုံ့ပြန်မဲ့စာရင်း ထုတ်ထားတာကြောင့် ဟော်မုဇ်ရေလက်ကြားကို အပြည့်အဝ ထိန်းချုပ်ထားတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
အီရန်နဲ့ သဘောတူညီမှုရတဲ့အချိန်အထိ ဟော်မုဇ်ရေလက်ကြားကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်မှာပါ။
အီရန်ဟာ အမေရိကန်နဲ့ မဟာမိတ်တွေကို လက်တုံ့ပြန်မဲ့ ပစ်မှတ်စာရင်း ထုတ်ပြန်ထားတယ်လို့ လည်း ရိုက်တာက ဖော်ပြပါတယ်။
ဟော်မုဇ်ရေလက်ကြားမှာ အမေရိကန်ရေတပ်ရဲ့ ခွင့်ပြုချက်မရဘဲ ဝင်လာတာ၊ ထွက်ခွာတာ မလုပ်ရဘူးလို့ ထရမ့်ပ်က ဆိုရှယ်မီဒီယာမှာ ဖော်ပြထားတာလည်း တွေ့ရပါတယ်။
ဟော်မုဇ်ရေလက်ကြားမှာ မိုင်းချတဲ့ ဘယ်လှေကိုမဆို ပစ်သတ်ဖို့ အမေရိကန်ရေတပ်ကို ထရမ့်ပ်က ကြာသပတေးနေ့မှာ အမိန့်ပေးထားပါတယ်။
မိုင်းချတဲ့ လှေငယ်လေးတွေ တွေ့တာနဲ့ ချက်ချင်းတိုက်ခိုက်ဖို့ ရေတပ်ကို ထရမ့်ပ်က အမိန့်ပေး ထားတာဖြစ်ပြီး မိုင်းရှင်းလင်းမှုလုပ်ဖို့လည်း ဆိုရှယ်မီဒီယာမှာ ဖော်ပြထားပါတယ်။
အီရန်ဟာ အမေရိကန်နဲ့ မဟာမိတ်အဖွဲ့တွေကို လက်တုံ့ပြန်ဖို့ အစီအစဉ်တွေ မျိုးစုံ ပြင်ဆင်ထား ပါတယ်။
တိုက်ခိုက်ခံရပါက ရန်သူရဲ့ စွမ်းအင်အဆောက်အအုံတွေကို တိုက်ခိုက်တာ၊ ရေနံနဲ့ ဓာတ်ငွေ့စက်ရုံ တွေ တိုက်ခိုက်ခံရပါက အမေရိကန်နဲ့ သူ့ရဲ့မဟာမိတ်တွေရဲ့ စွမ်းအင်အဆောက်အအုံတွေကို တိုက်ခိုက်တာ၊ အရာရှိတွေ လုပ်ကြံခံရပါက AI နဲ့ IT စင်တာတွေကို တိုက်ခိုက်တာ၊ နယ်မြေတွေ သိမ်းခံရပါက ရန်သူရဲ့ လေကြောင်းသယ်ယူရေးနဲ့ ဟယ်လီကော်ပတာတွေကို ဒုံးကျည်၊ ဒရုန်း အမြောက်အမြားနဲ့ တိုက်ခိုက်တာမျိုးတွေ ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။
အမေရိကန်ရေတပ်က ပိတ်ဆို့မှုတွေ ဆက်လုပ်တာ အရှိန်မြှင့်တာမျိုး လုပ်ရင် ဟော်မုဇ် ရေလက်ကြားမှာ မိုင်းထောင်တဲ့နေရာတွေကို ချဲ့ထွင်ဖို့နဲ့ ဘတ်အယ်မန်ဒတ် ရေလက်ကြားကို ပိတ်ဆို့ဖို့ ခြိမ်းခြောက်မှုတွေလည်း ပါဝင်ပါတယ်။
အမေရိကန်က မြေပြင်ထိုးစစ်နဲ့ ကျူးကျော်မှုတွေ ပြုလုပ်ရင် တော်လှန်ရေးတပ်တွေနဲ့ ရှေ့တန်းမှာ ပူးပေါင်းတိုက်မှာဖြစ်ပြီး ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ အမေရိကန်စစ်သားတွေကို ရင်ဆိုင်မယ်လို့ အီရန်က ဆိုပါတယ်။
ဒါ့အပြင် ဒေသပြင်ပမှာရှိတဲ့ အမေရိကန်ရဲ့ စီးပွားရေးတွေကိုလည်း အလစ်တိုက်ခိုက်မှုတွေ ဖြစ်လာ နိုင်တယ်လို့ ဆိုပါတယ်။
Source: Reuters










