
ကစားသမားဘဝ သွင်းဂိုးပေါင်း ၁,၀၀၀ ပြည့်ဖို့ ရည်မှန်းထားတဲ့ အသက် ၄၁ နှစ်အရွယ် ခရစ်စတီယာနို ရော်နယ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့ သဘောထား ကွဲလွဲခဲ့အပြီး အယ်လ်နာဆာအသင်းဆီ ပြန်လာရာမှာ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
အယ်လ်နာဆာက ဒီရီယာ အသင်းကို ၃ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရတဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ ရော်နယ်ဒိုက ပွဲချိန် ၂၃ မိနစ်မှာ အဖွင့်ဂိုး သွင်းယူခဲ့တာ ဖြစ်ပြီး၊ ဒါဟာ သူ့ရဲ့ ကစားသမားဘဝ ၉၈၀ မြောက် သွင်းဂိုး ဖြစ်ပါတယ်။
ပေါ်တူဂီနည်းပြ ဂျော့ဂျ်ဂျေးဆူးနဲ့ သဘောထားကွဲလွဲခဲ့ပေမဲ့ လက်ရွေးစင်အသင်းကနေ အနား မယူသေးဘူးလို့ ရော်နယ်ဒိုက ဆိုထားသလို၊ ဒီပွဲမှာ အယ်လ်နာဆာ ပရိသတ်တွေကလည်း သူ့ကို အပြည့်အဝထောက်ခံကြောင်း စာတန်းတွေ ထောင်ပြပြီး အားပေးခဲ့ကြပါတယ်။
Source: BBC-Sport











