
ဟော်မုဇ်ရေလက်ကြားအရေး အင်အားသုံးဖို့ ခွင့်ပြုချက်အတွက် မဲခွဲဆုံးဖြတ်ခဲ့ရာမှာ တရုတ်နိုင်ငံက ကန့်ကွက်ခဲ့ပါတယ်။
ဟော်မုဇ်ရေလက်ကြားမှာ ကုန်သွယ်ရေးသင်္ဘောတွေ လုံခြုံစွာ ဖြတ်သန်းခွင့်နဲ့ ပတ်သက်ပြီး အင်အားသုံးခွင့်ပြုမဲ့အဆိုကို ဘာရိန်းနိုင်ငံက တင်သွင်းခဲ့တာမှာ ဗီတိုအာဏာရှိတဲ့ တရုတ်နိုင်ငံက ကန့်ကွက်ခဲ့တာပါ။
အမေရိကန်နဲ့ အစ္စရေးတို့ဟာ ဖေဖော်ဝါရီ ၂၈ ရက်က အီရန်ကို တိုက်ခိုက်ခဲ့ချိန်ကတည်းက ရေနံဈေး တဟုန်ထိုး တက်ခဲ့တာပါ။
စစ်ပွဲကာလ ၂ လအတွင်းကို ရောက်နေပြီး ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်တာကြောင့် ကမ္ဘာ့ရေနံဈေးတွေ တက်လာတာ ဖြစ်ပါတယ်။
လက်ရှိ ကုလသမဂ္ဂ အလှည့်ကျဥက္ကဌအဖြစ် ဆောင်ရွက်နေတဲ့ ဘာရိန်းနိုင်ငံက ဟော်မုဇ်အရေး ဖြေရှင်းမှုကို လိုအပ်ပါက ကာကွယ်မှုအားလုံးလုပ်မယ်ဆိုတဲ့ မူကြမ်းကို အပြီးသတ်ခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
ဘာရိန်းနိုင်ငံခြားရေးဝန်ကြီးက “မနက်ဖြန်မှာ ပြုလုပ်မဲ့ မဲခွဲမှုမှာ မူကြမ်းအဆိုပြုချက်ကို ကောင်စီဝင်အားလုံး တညီတညွတ်တည်း ထောက်ခံဖို့ မျှော်လင့်တယ်” လို့ ပြောဆိုခဲ့ပါတယ်။
ဘာရိန်းနိုင်ငံဟာ အာရပ်နိုင်ငံတွေနဲ့ အမေရိကန်တို့ ထောက်ခံမှုနဲ့ ဟော်မုဇ်အရေးမူကြမ်းတခု တင်သွင်းခဲ့ပြီး တရုတ်၊ ရုရှားတို့ ကန့်ကွက်မှုကနေ ရှောင်ဖို့ အင်အားသုံးမယ်ဆိုတဲ့ ပွင့်ပွင့်လင်းလင်း ဖော်ပြချက်ကို ချန်လှပ်ထားခဲ့ပါတယ်။
ဒီမူကြမ်းဟာ အနည်း ၆ လအတွက်ဖြစ်ပြီး ကောင်စီက တခြားနည်းလမ်း မတွေ့ခင်အထိ အသုံးပြုမဲ့ပုံ ရပါတယ်။
ဟော်မုဇ်က ဖြတ်သန်းမဲ့ ကုန်သွယ်ရေးသင်္ဘောတွေအတွက် အင်အားသုံးဖြေရှင်းမဲ့ နည်းလမ်းကို တရုတ်နိုင်ငံက ကန့်ကွက်ခဲ့တာပါ။
တရုတ်နိုင်ငံက “တရားမဝင်တာတွေကို တရားဝင်ဖြစ်အောင် လုပ်ပေးသလို ဖြစ်လိမ့်မယ်။ ဒါက လက်ရှိအခြေအနေကို ပိုပြီး ဆိုးစေမှာဖြစ်ပြီး မကောင်းတဲ့ အကျိုးဆက်တွေကို ဦးတည်နေတယ်” လို့ ပြောခဲ့ပါတယ်။
ဆုံးဖြတ်ချက် စတုတ္ထမူကြမ်းနဲ့ပတ်သက်ပြီး ကန့်ကွက်သူမရှိပါက အလိုအလျောက် အတည်ပြုမှာဖြစ်ပေမဲ့ တရုတ်၊ ရုရှားနဲ့ ဗြိတိန်နိုင်ငံတို့က ကန့်ကွက်ခဲ့ကြတာပါ။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အတည်ပြုချက်ရဖို့ အနည်းဆုံး ၉ မဲ ရရှိရမှာဖြစ်ပြီး ဗီတိုအာဏာရှိတဲ့ နိုင်ငံ ၅ နိုင်ငံရဲ့ ဗီတိုအာဏာ အသုံးပြုခွင့်မရှိမှ ဖြစ်မှာပါ။
Source: Reuters










