DVB Logo
Home
မြန်မာသတင်း
ညောင်ဦး၊ ပခုက္ကူနှင့် မြင်းခြံမြို့အနီး ကုန်းတွင်းမုန်တိုင်းငယ်ရှိနေ
DVB
·
May 30, 2018
ညောင်ဦး၊ ပခုက္ကူနှင့် မြင်းခြံမြို့အနီး ကုန်းတွင်းမုန်တိုင်းငယ်ရှိနေ
Donate to DVB

ကုန်းတွင်းမုန်တိုင်းငယ် (Land Depression) ဟာ ညောင်ဦးမြို့ရဲ့ အနောက်မြောက်ဘက် မိုင် ၂၀ ခန့်၊ ပခုက္ကူမြို့ရဲ့ အနောက်ဘက် မိုင် ၃၀ ခန့်နဲ့ မြင်းခြံမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၅၀ ခန့်အကွာမှာ ဆက်လက်တည်ရှိနေတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ အားကောင်းတဲ့ မုန်တိုင်းငယ် (Deep Depression) ဟာ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းကို အမ်းမြို့အနီးကနေ မနေ့ညက ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီးနောက် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ဆက်လက် တည်ရှိနေတာပါ။

အဲဒီ ကုန်းတွင်းမုန်တိုင်းငယ်ဟာ နောက် ၁၂ နာရီအတွင်း အားလျော့သွားမယ်လို့ ခန့်မှန်းထားပါတယ်။

ကုန်းတွင်းမုန်တိုင်းငယ်အရှိန်ကြောင့် ပြည်နယ်နဲ့တိုင်း အတော်များများမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး မိုးကြီးနိုင်သလို နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ တနာာရီ ၃၅ မိုင်နှုန်းအထိ လေပြင်းတွေ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မကြာခဏ မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမယ်၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ တနာရီ ၄၅ မိုင်အထိ တိုက်ခတ်နိုင်တယ်၊ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ ၁၀ ပေမှ ၁၆ ပေခန့်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အဲဒီကုန်းတွင်းမုန်တိုင်းငယ် အရှိန်ကြောင့် လေပြင်းတိုက်ခတ်၊ မိုးကြီး၊ ရေကြီး၊ မြေပြိုနိုင်လို့ ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေ မြေပြိုမှုအန္တရာယ်ကို သတိထားကြဖို့ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ မြစ်၊ ချောင်းအနီး နေထိုင်ကြသူတွေ ရေကြီး၊ ရေလျှံတာတွေကို ကြိုတင်သတိပြု နေထိုင်ကြဖို့ အကြံပြုထားပါတယ်။

ဒါ့အပြင် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေ အနေနဲ့လည်း ကြိုတင်သတိပြုကြဖို့ မိုးဇလဌာနက တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013