
ဥရောပသမဂ္ဂ (EU) ဟာ စပိန်နိုင်ငံပိုင်နယ်မြေတခုဖြစ်တဲ့ စယူတာကို တရားမဝင် ရွှေ့ပြောင်းသူတွေ ဝင်ရောက်တာနဲ့ ပတ်သက်ပြီး နယ်စပ်လုံခြုံရေး တင်းကျပ်ဖွယ် ရှိပါတယ်။
EU ဟာ အွန်လိုင်းဗွီဒီယိုကတဆင့် အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ နယ်စပ်လုံခြုံရေး ထိန်းချုပ်မှု အားကောင်းအောင် ဆောင်ရွက်မဲ့ အစီအစဉ်တွေ၊ အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းတွေ နေရပ်ပြန်ပို့မှုနဲ့၊ စပိန်နိုင်ငံကို ပံ့ပိုးမှုတွေ ပြုလုပ်ဖို့ ဆွေးနွေးခဲ့ပါတယ်။
မော်ရိုကိုနယ်စပ် ဂျီဘရောတာပင်လယ်ကွေ့အနီးမှာရှိတဲ့ စယူတာကို ပြီးခဲ့တဲ့အပတ်က လူထောင်ပေါင်းများစွာ ရေကူးပြီး ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
စယူတာအရေးဟာ ရာဇဝတ်မှု လူမှောင်ခိုတွေနဲ့ ဆိုရှယ်မီဒီယာတွေမှာ သတင်းမှားတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ EU ရဲ့ ပြည်တွင်းရေးရာနဲ့ ရွှေပြောင်းရေးရာကော်မရှင်နာ ဘန်နာက ပြောပါတယ်။
စယူတာကို တရားမဝင် ရောက်လာသူ ၇၂,၀၀၀ အနက် ၇၀,၀၀၀ က မော်ရိုကို ပြန်ရောက်နေပြီလို့ စပိန်ပြည်ထဲရေးဝန်ကြီးက ပြောထားပြီး အခုအချိန်မှာ နယ်စပ်နေရာတွေ ထိန်းချုပ်ထားပြီးပြီလို့ ဆိုပါတယ်။
အဲဒီနေ့က ရေကြောင်းကနေ တရားမဝင်လာရောက်တဲ့ ရွှေ့ပြောင်းတွေ ၇၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
လက်ရှိအချိန် စယူတာမှာ ရွှေ့ပြောင်း ၂,၅၀၀ ခန့်ရှိမယ်လို့ စပိန်ဗဟိုအစိုးရက ခန့်မှန်းထားပါတယ်။










