DVB Logo
Home
နိုင်ငံတကာ
ဟော်မုဇ်ရေလက်ကြား စီမံခန့်ခွဲမှု အမေရိကန် စွက်ဖက်ခွင့်ပြုမည်မဟုတ်ဟု အီရန်ပြော
DVB
·
July 14, 2026
Photo: CCTV, CGTN
Photo: CCTV, CGTN
Donate to DVB

ဟော်မုဇ်ရေလက်ကြား စီမံခန့်ခွဲမှုမှာ အမေရိကန်ပြည်ထောင်စုကို ဝင်ရောက်စွက်ဖက်ခွင့်ပြုမှာ မဟုတ်ဘူးလို့ အီရန်ရဲ့ အဓိကစစ်ရေးကွပ်ကဲမှုဌာနချုပ် ခါတမ် အယ်လ်-အန်ဘီယာ ဗဟိုစစ်ဌာနချုပ်က ဇူလိုင် ၁၃ ရက်မှာ ပြောပါတယ်။

အမေရိကန်ရဲ့ စွန့်စားရဲတင်းတဲ့ လုပ်ရပ်တွေကြောင့် ဒေသတွင်းလုံခြုံရေး၊ နိုင်ငံတကာ ကုန်သွယ်ရေးနဲ့ ရေနံတင်သင်္ဘောတွေ ဖြတ်သန်းသွားလာမှုကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့တယ်လို့ စစ်ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ် အီဗရာဟင် ဇိုလ်ဖာဂါရီက အီရန်မီဒီယာတွေကတဆင့် ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုသတင်းစကား တခုထဲမှာ ထောက်ပြခဲ့ပါတယ်။

ဒါ့အပြင် ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဟော်မုဇ်ရေလက်ကြားကို အမေရိကန်က ဝင်ရောက်စွက်ဖက်တာကို ခွင့်ပြုမှာမဟုတ်သလို အီရန်စစ်တပ်အနေနဲ့လည်း တုံ့ပြန်ဖို့ အသင့်ရှိနေတယ်လို့ ဇိုလ်ဖာဂါရီက ဆိုပါတယ်။

ဒေသတွင်းနိုင်ငံတွေအနေနဲ့ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်တာ ဒါမှမဟုတ် အမေရိကန်စစ်တပ်ကို ထောက်ပံ့ပို့ဆောင်ရေးပိုင်း ကူညီပေးတာမျိုးတွေကို အီရန်ရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို စစ်ကြေညာတဲ့လုပ်ရပ်အဖြစ် သတ်မှတ်မှာဖြစ်ပြီး တကယ်လို့ စစ်ပွဲကျယ်ပြန့်လာခဲ့ရင် ဒေသတွင်းနိုင်ငံအားလုံးဆီ ကူးစက်သွားလိမ့်မယ်လို့လည်း သတိပေး ပြောကြားပါတယ်။

တချိန်တည်းမှာပဲ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဟော့စိန် မိုဟက်ဘီ ကလည်း ဟော်မုဇ်ရေလက်ကြားမှာ အမေရိကန်က ဝင်ရောက်စွက်ဖက်နေတာကြောင့် ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်ပို့မှုရဲ့ လုံခြုံရေးကို ထိခိုက်စေတယ်လို့ စွပ်စွဲလိုက်ကြောင်း တာ့စ်နင်မ် သတင်းဌာနက ဖော်ပြပါတယ်။

သူတို့အနေနဲ့ ဟော်မုဇ်ရေလက်ကြားအပေါ် အချုပ်အခြာအာဏာနဲ့ စီမံခန့်ခွဲမှုတွေကို အင်အားသုံးပြီး ဆက်လက်လုပ်ဆောင်သွားမှာဖြစ်သလို ပြည်ပနိုင်ငံတွေနဲ့ သူတို့ရဲ့ မဟာမိတ်တွေကို အီရန်ပြည်သူတွေရဲ့ ဆန္ဒအတိုင်း လိုက်နာလာအောင် ဆောင်ရွက်သွားမယ်လို့လည်း ဆက်ပြောပါတယ်။

တဖက်မှာလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်အပေါ် ရေတပ်ပိတ်ဆို့မှုကို ပြန်လည်သက်ဝင်စေပြီး အီရန်သင်္ဘောတွေ ရေလက်ကြားထဲကို အဝင်အထွက် မလုပ်နိုင်အောင် တားဆီးသွားမယ်လို့ တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

ထရမ့်ပ်က Truth Social လူမှုကွန်ရက်ပေါ်က သူ့ရဲ့ပို့စ်မှာ အမေရိကန်ဟာ ဟော်မုဇ်ရေလက်ကြားရဲ့ “ကြီးကြပ်အုပ်ထိန်းသူ” ဖြစ်လာမှာဖြစ်ပြီး အဲဒီရေလမ်းကြောင်းကနေ ဖြတ်သန်းသယ်ယူမဲ့ ကုန်စည်အားလုံးအပေါ် ၂၀ ရာခိုင်နှုန်း အခကြေးငွေ ကောက်ခံသွားမယ်လို့ ရေးသားခဲ့ကာ ဒါဟာ ‘တရားမျှတမှုရှိစေဖို့’ လုပ်ဆောင်တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013